သူလည်း အခန်းရှေ့ရောက်ပြီမို့ တံခါးသုံးချက်တော့ခေါက်လိုက်သည် ခဏရပ်စောင့်ပေမဲ့ တုံပြန်သံကမကြားရတာမို့ သူ့ဘာသာဖွင့်ဝင်လာလိုက်တော့သည်။ အထဲရောက်တော့ ဘယ်သူမှမရှိ အနည်းငယ်တော့ ဇဝေဇဝါဖြစ်မိသွားသည်။ သူလာမယ်လို့ ဖုန်းကြိုဆက်ခဲ့ပါတယ်၊ ခဏနေမှ ရေချိုးခန်းထဲက ရေသံသဲ့သဲ့ကိုကြားမိသည်။
ဒါနဲ့ ရေချိုးခန်းတံခါးကို ဖွင့်ရတော့တာပေါ့ သားသားကိုရေချိုးပေးနေတာ။ ဆပ်ပြာမြှုပ်တွေနဲ့ ဆော့နေပြီး သဘောတကျ ရီနေသံက စောနကအပြင်ကနေတော့မကြားမိတာအမှန်။ စိတ်ပူလွန်နေလို့ပဲဖြစ်မည်၊ ခုမှရင်ထဲကအလုံးကကျသွားတော့သည်။
သူလည်း အဲ့နားသွားပြီး ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ ယမ်ယမ်းက သူ့ကိုမြင်တော့ စောနကထက်နှစ်ဆပြုံးရီပြီး နှုတ်ဆတ်သည်။
"ခစ် ခစ်…ပါပါး"
"ဟုတ်ပါ့ဗျာ ပါပါးလာတာ ပြောပါဦး ခင်ဗျားလေးကပျော်နေတာပေါ့လေ"
"ဟိ…ဟီး…"
"စိုင်းခန့်ရေချိုးတာကြာနေပြီလား"
"မကြာသေးဘူး မင်းမရောက်ခင်လေးကမှ ဆပ်ပြာအမြှုပ်ထဲ ထည့်ပေးထားတာ"
"အေးပါ သားသားရေချိုးချိန်ကိုသိတယ်မလား"
"ငါချိုးပေးနေကျပါ"
ယံလေးလည်း မျက်စောင်းထိုးထည့်လိုက်သည်။ ဘယ်နှယ့်စွာချက်ဆိုတာ ဒီလူက မွေးထားတဲ့ဖအေပဲ အလုပ်တွေရှုတ်နေလို့သာ သူ့ဆီပို့ထားရတာ စိတ်ပူတာပေါ့ ဘယ်လိုပဲစိတ်ချရတယ်ပြောပြောလေ ကိုယ့်သားလေးကို တစ်ယောက်တည်းမွေးထားရတာ စိတ်ပူတာပေါ့။ အေးပေါ့ လူပျိုကြီးကဒါတွေဘယ်သိမလဲ မပြောတော့ပါဘူးလေ။
ယမ်ယမ်းလေးကို ရေချိုးပေးပြီးတော့ တပတ်နဲ့ထုတ်ပြီးရေချိုးခန်းထဲကနေ ထွက်ပြီး အိပ်ခန်းလေးထဲကဗီရိုထဲက လက်ရှည်၊ဘောင်းဘီရှည် အပါးလေးကိုဝတ်ပေးလိုက်သည်။ အကဲလေးက လက်တိုဝတ်ချင်လို့ ဂျီကျနေသေးသည်။ ခဏပဲ အအေးဓာတ်ရှိနေတာမို့ ဖျားမှစိုး၍ လက်ရှည်ဝတ်ပေးထားတာပါ ပြီးရင်ပြန်လဲပေးမှာသိရက်နဲ့ကို အပြင်သွားမှာမို့ ကဲချင်နေတာ အဆိုးလေး…
YOU ARE READING
Love is you
General Fictionမောင် မင်းကို ချစ်တယ် မင်းဟာမောင့်ရဲ့အရာရာပဲ မင်းမောင့်ကိုမေးတယ် အချစ်ဆိုတာဘာလဲတဲ့...