Ep.26
မာန်တို့ တစ်ဖွဲ့လုံး အလုပ်တွေရှုတ်နေရတာက တရားခံ မင်းတမာန်ကြောင့်ပင် တစ်ခါမှမဝတ်တတ်တဲ့ အဖြူကို တဖွဲ့လုံးဝတ်ရမယ် ဆိုသောကြောင့် ပွဲချိန်မရောက်မှီ နှစ်နာရီအတွင်း တဖွဲ့လုံးအတွက် အဝတ်စားပတ်ရှာနေရသည်။ ဘယ်လိုမှအဆင်မပြေတဲ့အဆုံး အဖြူနဲ့အနက်ကျားထားတဲ့ ဝတ်စုံတွေနဲ့သာ ပွဲကိုချီတက်ကြရသည်။ ဒီဇိုင်းကတော့ ညှို့ရွေးပေးထားတာမို့ ပြောစရာမလိုပေ ကျားထားတဲ့ဒီဇိုင်းမျိုးဆိုပေမဲ့ သူတို့အဖွဲ့ ကြည့်ရဆိုးမနေပါ။
မွေးနေ့ပွဲက private ဆန်ပြီး ခြံထဲ၊ဝန်းထဲမှာပဲ ကျင်းပသည်မို့ လူသိပ်မများတော့ စိတ်မပင်ပန်းရပါဘူး။ တစ်ဖွဲ့လုံးအင်းတိုက်အားတိုက်ကြီး အပင်ပန်းခံစရာမလိုပဲ ဖြေးဖြေးငြိမ့်ငြိမ့်လေးနဲ့ ည၁၀ နာရီဝန်းကျင်လောက် ပွဲကအဆုံးသတ်သွားသည်။
ကိုယ်ပိုင်ကားတွေနဲ့မဟုတ်ပဲ အဖွဲ့နဲ့အရင်ချီတက်လာတာမို့ စုဝေးတဲ့နေရာ ဘားကိုပြန်ရသည်။ ဘားရောက်တော့မှ အဝတ်စားတွေပြန်လဲကာ အစည်းဝေးထိုင်ကြရမည်၊ ညဥ့်နက်ပြီး ပင်ပန်းနေပြီမို့ မနက်ဖြန် ၈ နာရီကိုသာ ချိန်းဆိုပြီး အသီးသီးအိမ်ပြန်ကြတော့သည်။
မာန်အိမ်ပြန်ရောက်တော့ အိမ်ကတိတ်ဆိတ်နေပြီမို့ အသံမပြုတော့ပဲ အိမ်ထဲကိုဖြေးညှင်းစွာပဲဝင်လာလိုက်သည်။ သူ့အခန်းရှေ့ရောက်တော့မှ မေမေကသူ့ကိုစောင့်နေမှန်းသိလိုက်ရသည်။ သူလည်းမချိသွားဖြဲနဲ့ရီပြလိုက်ရသည်။
"သား အိမ်ပြန်တာတွေ နောက်ကျထိမနေနဲ့လေ"
"ဟို ဒီနေ့က မွေးနေ့ပွဲရှိတာကြောင့်ပါ ပြီးတော့ အစည်းဝေးတောင် သားတို့ရွေ့ခဲ့ကြတာပါ မေမေ"
"ဟုတ်ပါပြီ မေမေကသားကိုယုံပါတယ် စိတ်မချလို့ပါ အရမ်းညဥ့်နက်ရင်မကောင်းဘူးလေနော်"
"ဟုတ် မေမေ သားတို့လည်း ညဥ့်နက်ထိမနေကြပါဘူး ဒီနေ့ကအလုပ်တွေတိုက်သွားလို့ပါ နောက်ဆိုပိုစောပြီးပြန်လာပါ့မယ် မေမေစိတ်ချနေနော်"
"အလုပ်ကိုကြည့်ဦးစားပေးမနေနဲ့ပေါ့ သားရယ် နေကောင်းအောင်ဂရုစိုက်လေနော် အရမ်းကြီးအပင်ပန်းခံမနေနဲ့ဦး အိမ်ပြန်တာလည်း အချိန်လေးရှိတော့ မေမေစိတ်ချတာပေါ့ နော်"
YOU ARE READING
Love is you
General Fictionမောင် မင်းကို ချစ်တယ် မင်းဟာမောင့်ရဲ့အရာရာပဲ မင်းမောင့်ကိုမေးတယ် အချစ်ဆိုတာဘာလဲတဲ့...