Ep.16

67 5 0
                                    

Ep.16

မာန်တို့ ဒီနေ့တော့ ဘားမှာခြေချင်းလိမ်နေတော့သည်။ အလုပ်ရှုတ်သလားမမေးနဲ့၊ စေသုတလေ ချီးထုပ်! အဲ သူ့လင် ပိုင်ပိုင် ကြားလို့မရဘူး။ တကယ်ပါဗျာ ဆိုင်သန့်ရှင်းရေးတဲ့လေ။ အလုပ်သမားတွေနဲ့တင်ပြီးမယ့်ဟာကို သူ့ဘားလေးအရောင်ထွက်လာအောင် ပြင်ချင်တယ်ဆိုတာနဲ့ပဲ…

ကျတော်တို့ တစ်အုပ်စုလုံး ခြေချုပ်မိနေတာပေါ့ဗျာ … မိတ်ဆက်ပေးရဦးမယ်။ ကျတော်တို့အဖွဲ့မှာက ကျတော် မင်းတမာန်က ခေါင်းဆောင်ပေါ့။ ကျတော်တို့က Boy band လေးပေါ့ဗျာ မျက်စိနောက်စရာ အတွဲနှစ်တွဲရှိတယ်။

မိုးမာန်ထက်နဲ့လျှံစေမြတ်ရယ်၊ စေသုတနဲ့မင်းပိုင်ထက်ရယ် အဲ့လေးယောက်က တကယ်ကို မျက်စိရှုတ်စရာတွေ။ ကိုယ်မရှိတိုင်း အားမနာ လျှာမကျိုး ခွပြောနေတဲ့ မင်းတမာန်ရယ်ပါ။
(တကယ်တော့ သူကအတိတ်မေ့နေလို့ပါ မမေ့ရင်သူကဒီအဖွဲ့ထဲ အဆိုးဆုံးဖြစ်မှာ သေချာ)

နောက်တစ်ယောက်က ကျတော့်လိုတစ်ကိုယ်တည်း မှိုင်းညှို့ရှင်တဲ့။ ဟိုကောင်တွေပြောတာတော့ ညှို့က ကျတော့်ကိုစိတ်ဝင်စားနေတာတဲ့၊ မဖြစ်နိုင်တာဗျာ။ အတည်ဆိုလည်း ကျတော်ကတော့ စိတ်မဝင်စားဘူး။

အဲ့အဖွဲ့က ခေါင်းဆောင် ကျတော်က ပွဲလက်ခံတဲ့အခါတို့ စာရင်းရှင်းတဲ့အခါတို့ သီချင်းဆိုတဲ့အခါတို့မှာ အလုပ်ရှုပ်ပါတယ်။ မိုးထက်တို့က Drum တီးတာ၊ ဘာလို့နှစ်ယောက်တောင်လဲမမေးနဲ့ ခွာမရလို့ အမြဲကပ်နှစ်ယောက်ကိုလွတ်ထားတာ။

စေသုနဲ့ ပိုင်ထက်က ဂစ်တာသမားတွေ၊ သူတို့က နဲနဲခွာတယ်ဗျာ့ ပူးနေလို့လည်း ကြည့်မကောင်းဘူးလေ။ ဂစ်တာတွေဆိုတော့ ငြိကုန်ရင်ပြဿနာ ဒီနှစ်ယောက်က ပြောကရမခက်ဘူး။ တည်ငြိမ်သူနှစ်ယောက် ရန်လည်းခဏခဏဖြစ်တတ်တော့ မတည့်တဲ့အချိန်ကများတယ်။

သုတတို့အတွဲကတော့ မနည်းဆွဲစိနေရတယ်ပေါ့ဗျာ၊ ညှို့ကတော့ Vocial သမားဗျာ့ သူကမှအဆိုပိုင်းမှာပိုင်နိုင်တာ ကျတော်က နာမည်ခံသပ်သပ်ရယ် ခေါင်းဆောင်ဆိုတာက တခြားနေရာတွေ အလုပ်လုပ်ရလို့ ခေါင်းဆောင်ဖြစ်နေတာ။

Love is youWhere stories live. Discover now