"မမ ဒီနေ့မှပြန်ရောက်တာကို မနားဘူးလား သားကခေါင်းကိုက်တာနဲ့ နေ့လယ်တည်းက အိမ်မှာရှိနေတာ""ဟုတ်လား ပြစမ်း ယံလေး ဖျားပြန်ပြီထင်တယ်"
ပြောနေရင်း နဖူးပေါ်လက်တင်လိုက်ပါသည်။ ဒီကလေးက ချူချာလွန်းပါသည်။ ဒီလောက်ဖြစ်အောင် ဘာတွေပူပန်နေပါလိမ့်။
"လာ အခုရော ဘာလုပ်နေတာလဲ"
အိမ်ထဲဝေ့ဝဲကြည့်တော့ ခေါက်ဆွဲပြုတ် ပန်းကန်တလုံးရယ် ကိတ်ကလေးတစ်စိတ်ရယ်တွေ့ရသည်။ ယူလာသည်များချကာ အသေချာလေးစစ်ဆေးရသည်။ တော်ကြာဒီကလေး ခေါက်ဆွဲကိုစပ်နေအောင်ပြုတ်စားတတ်တာမို့…
"သား ဆေးသောက်မလို့ စိတ်ချပါ ခေါက်ဆွဲကိုအချိုပဲပြုတ်ထားတာ သားအစပ်သေချာရှောင်ပါတယ် ကိတ်ကလည်းခရမ်အရမ်း မများပါဘူး"
ဘယ်ဆိုးလဲ သူ့စိတ်မချလို့ စစ်ဆေးမှန်းသိလို့ ဆင်ခြေတွေတန်းပေးနေတာ ဒီကလေးက အဲ့လိုအတတ်ကလေးရယ်ပါ…
"ဟုတ်ပါပြီ အရင်စားပြီး ဆေးသောက်လိုက်ဦ မမ ဒါတွေထားလိုက်ဥိးမယ်"
လက်ထဲကအထုတ်တွေ မြောက်ပြလိုက်ပြီး မီးဖိုခန်းထဲပဲ ထပ်ဝင်လာရသည်။ အကုန်နေသားတကျထားပြီး မေးရမည့်အကြောင်းရာကို စကားစချင်မိသည်။ ဒါကိုလူလည်လေးကရိပ်မိပါသည်။
"မမ ကော်ဖီသောက်မလား သားဖျော်ပေးမယ် ပြီးမှ စကားပြောကြတာပေါ့"
ခေါင်းသာငြိမ့်ပြလိုက်ပါသည်၊ အတင်းကျပ်မမေးလိုပါ သူ့အလိုလိုပြောထွက်လာသမျှကို ယုံကြည်ပြီး အကြံဥာဏ်ပေးလိုပါသည် သူ(မ) ကထိုကဲ့သို့ပင် ယံလေးဘက်ကရပ်တည်ပေးသူပါ။ ယံလေးပါးစပ်ကပြောပြတာ မဟုတ်သ၍ ဘယ်လိုအရာမျိုးကိုမှ ယုံကြည်ဖို့မဆိုထား ခေါင်းထဲပင်မထည့်တတ်…
ကော်ဖီခွက်လေး နှစ်ခွက်ကိုင်ပြီး ယံလေးထွက်လာပါသည်၊ တကယ်ပါ ကိုယ့်မောင်မို့ ကိုယ်ပြောရင် ကိုယ့်ငါးချဥ် ကိုယ်ချဥ်ဖြစ်ဦးမည်။ လမ်းလျောက်လာပုံလေးကအစ ဒီကလေးက နူးည့ံသိမ်မွေ့နေကာ ချစ်ဖို့ကောင်းလွန်းလို့ လှုပ်ရှားမှုတစ်ခုချင်းစီက မလွတ်တမ်း ကြည့်နေမိသည်အထိ ဆွဲဆောင်လှပါသည်။
"မမ သား အဲ့နေ့က မောင့်မေမေနဲ့တွေ့ခဲ့တယ်"
"ဘာတဲ့လဲ ယံလေး"
"မောင့်ကိုထားခဲ့ဖို့ လာပြောတာတဲ့ မောင်ကအခု accident တစ်ခုကြောင့် အာရုံကြောအားနည်းပြီး အတိတ်မေ့သွားတယ်တဲ့"
"မြတ်စွာဘုရား! ဒါကိုအခုမှလာပြောတယ်တဲ့လား ပြီးတော့ရော…"
"သားက ဦးစိုင်းမြတ်သော်ရဲ့သားဖြစ်နေလို့ သူဘက်က လုံးဝ လက်မခံနိုင်ဘူးတဲ့ ဘာလို့လဲဆိုတော့ မမ ဖေဖေမတော်တဆမှုဖြစ်တုန်းက ဖေဖေနဲ့အတူပါသွားတဲ့ ဦးမင်းဆက်ပိုင်ကို သိတယ်မလား အဲ့ဒါမောင့်ရဲ့ဖေဖေတဲ့ သူ့အမျိုးသားသေဆုံးတာနဲ့ ပတ်သတ်ပြီး ဖေဖေ့အပေါ်နားကျဥ်းတယ်တဲ့ အာ့ကြောင့် သားကိုရွေးခိုင်းတယ် သူ့သားလား သားဖေဖေလားတဲ့"ပြောနေရင်း ငိုသံလေးစွတ်ကာ အသံတွေပါတိမ်ဝင်လာသည်၊ ရက်စက်လိုက်တာနော် ဘယ်လိုတောင်ရွေးချယ်မှုလုပ်ခိုင်းရက်ရသလဲ ဘယ်သူကရော အဲ့လိုဖြစ်စေချင်ခဲ့မှာတဲ့လဲ၊ သူ(မ) ယံလေးကို ပွေ့ဖက်ထားလိုက်သည် ဒါဟာအကောင်းဆုံး နှစ်သိမ့်ခြင်းလို့ယူဆလို့ပါ။ သူ(မ) ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည် ယံလေးကို ဒီမှာမထားတော့ဘူးလို့…
"ယံလေး မမပြောမယ် မမတို့ ထိုင်းမှာသွားနေရအောင် ယံလေး မီးဖွားတော့လည်း အဆင်သင့်ဖြစ်တာပေါ့ သွားရအောင်နော်"
သူလည်းတွေဝေမနေတော့ ရွေးချယ်ပြီးသားလမ်းကို နှစ်ခါပြန်ဆန်းစစ်မနေချင်တော့ဘူး၊ သူအရမ်းပင်ပန်းနေပြီ မောင် ငါ့ကိုခွင့်လွှတ်တ်မယ်မလား…
"သားသဘောတူတယ် သွားနေကြတာပေါ့"
သူတို့သွားဖို့ လာဖို့တွေစီစဥ်ရသည်၊ ကံကောင်းစွာ ဟိုမှာလည်း ကွန်ဒိုတွေဝယ်ထားတာရှိနေခြင်း အဆင်သင့်တာပေါ့လေ ဖေဖေ့ကျန်းမာရေးအတွက်လည်း ပိုအထောက်ကူဖြစ်တယ်။ ဗီဇာလျှောက် အလုပ်တွေထွက်စာတင်နဲ့ သူတကယ် တပတ်လောက် မအားလပ်နိုင်ပါ။ ကြားထဲ စိုင်းခန့်က မသွားဖို့တောင်းဆိုနေ၍ သူအတော်လေး အကျပ်ရိုက်ရပါသည်၊ သူလည်းမတက်သာလို့ သွားရခြင်းပင် ဘယ်သူကတော့ အမိမြေကိုစွန့်ခွာချင်မလဲနော် ပိုဆိုးတာက ကိုယ်ချစ်ရသူနဲ့ တစ်မြေတည်းရှိနေတယ်ဆိုတဲ့ ခံစားချက်လေးတောင် သူမရရှိနိုင်တော့ဘူးမလား။ ဘယ်တတ်နိုင်မလဲ ရွေးချယ်ပြီးမှတော့ နောက်ပြန်မလှည့်ကြေးပဲပေါ့…
YOU ARE READING
Love is you
General Fictionမောင် မင်းကို ချစ်တယ် မင်းဟာမောင့်ရဲ့အရာရာပဲ မင်းမောင့်ကိုမေးတယ် အချစ်ဆိုတာဘာလဲတဲ့...