ဒီနေ့ ရာသီဥတုက သာသာယာယာပဲမို့ ယံလေးတို့ စိတ်တွေကြည်လင်ပေါ့ပါးနေသည်၊ ဖေဖေစားဖို့ချက်ပြုတ်ပြင်ဆင်ကာ ဖေ့ဆီသွားရန် ပြင်ဆင်ထုတ်ပိုးရသည်၊ ဒီနေ့ဖေ့ကို လက်သည်းညှပ်ပေးရမည်၊ ခေါင်းလည်းလျော်ပေးရမည်၊ ဆေးစစ်ထားတဲ့အဖြေတွေလည်းရတော့မယ် ပုံမှန် တစ်ပတ်တစ်ခါတော့ ဖေဖေ့ကိုဆေးစစ်ပေးနေကျ ဒါမှလည်း ဘာတွေတိုးတက်လည်းသိရမှာ…ရှေ့တစ်ပတ်တုန်းက အရွေ့ပြောင်းနဲ့ ဆေးစစ်တာ ကျော်လိုက်ရတယ်၊ ဒီတစ်ပတ်အဖြေကျမှ သိရတော့မည်၊ ဖေဖေ့က နိုးနေပါပြီ မျက်စိပွင့်ပြီး ကြည့်နိုင် မြင်နိုင်အနေထားပင် အာရုံကြောတွေ အရမ်းထိခိုက်ထားတာမို့ စကားတော့မပြောနိုင်သေး၊ လမ်းလျောက်နိုင်ဖို့ဆိုတာက အချိန်လိုပါသေးသည်လေ၊ ယံလေး လိုတာတွေ ပြင်ဆင်ကာ ဆေးရုံကို ကားမောင်းတဲ့ဦးလေးကြီးနဲ့ပဲသွား လိုက်ရသည်၊ မမက သူ့ကိုကားပေးမမောင်းပါ မမြင်ရသေးတဲ့ သူ့တူလေးကို အထိခိုက်မခံနိုင်ဘူးတဲ့၊ သူကသမီးလေးဖြစ်နေရင်ရောဆိုတော့ သေချာတယ် တူလေးပဲရမှာတဲ့လေ မပြောချင်တော့ပါဘူး တကယ်မနိုင်တာ။
"ဖေဖေ သားရောက်ပြီ ဒီနေ့ သားတို့ရေချိုးကြမယ်နော် ရေမချိုးခင်လေး လက်သည်းတွေညှပ်ရအောင် ကြည့်ပါဦး လက်သည်းတွေက တော်တော်ရှည်နေပြီ"
ဖေဖေကသူ့ကိုပြုံးပြီး လိုက်ကြည့်နေသည်၊ အင်းပေါ့လေ ဖေဖေ coma ဝင်နေခဲ့တာ နှစ်တွေဘယ်လောက်ကြာပြီလဲ သူ့သားတောင် အတော်အရွယ်ရောက်နေပြီပဲဆိုပြီး မျက်စိအောက်က အလွတ်မခံပါ၊ ယံလေးလည်း လက်သည်းတွေသေချာညှပ်ပေးပြီး တိပေးလိုက်သည်၊ အဟဲ လှသွားပြီ ယံလေး အကျင့်က လက်သည်းလေးတွေကိုဆို ညှပ်ပြီးသေချာလေး တိလိုက်ရမှ မဟုတ်ရင် စိတ်ထဲတစ်ခုခုလိုနေသလိုပင်၊
"ကဲ လာ ဖေဖေကြီးကို ဒီကသားချောချောလေးကိုယ်တိုင် ရေချိုးပေးပါ့မယ်ခင်ဗျာ"
ယံလေး စတော့ ဖေဖေကအတော်လေးပြုံးရယ်နေသည်၊ ဖေဖေကိုစကားပြောစေချင်ပါပြီ၊ ဖေဖေ့ဆီက စိုင်းယံလေးလို့ ခေါ်တဲ့အသံကိုကြားချင်လှပြီ၊ ဒါမဲ့ ဖေဖေ ခေါ်နိုင်တဲ့ကာလမရောက်ခင် သူဖေဖေ့နားလာနိုင်မည်မဟုတ်၊ သူသေချာပေါက် နှစ်နှစ်လောက်တော့ ပျောက်ရမည်၊
ESTÁS LEYENDO
Love is you
Ficción Generalမောင် မင်းကို ချစ်တယ် မင်းဟာမောင့်ရဲ့အရာရာပဲ မင်းမောင့်ကိုမေးတယ် အချစ်ဆိုတာဘာလဲတဲ့...