နေ့ကိုလစား၊ လကိုနှစ်စားပြီး အချိန်တွေကုန် ရာသီတွေအလီလီပြောင်းလာတာ ခုဆို ယမ်ယမ်းလေးက တစ်နှစ်ကျော်ပြီလေ။ သူ့ဦးငယ်ဆိုလည်းသိလိုက်တာ ခြေသံတိုးဖွဖွနဲ့လာရင်တောင် ဘေးရောက်တာနဲ့ 'အူးနယ်' ဆိုပြီးသူကတောင် ပြန်လှန့်သေးတာ။ ကလေးသိတာလည်းမပြောနဲ့ စိုင်းခန့်ဆိုတာက ရေမွှေးကိုကြိုက်လို့သုံးပြီဆို တစ်နှစ်စာဝယ်ထားပြီး သုံးတဲ့သူပင်။
တစ်ခါတစ်ရံဆို တစ်နေကုန်ကလေးနား သူပဲရှိနေပေးတာမို့ ကလေးကသူ့ကိုခင်တွယ်တာလည်းမပြောနဲ့လေ။ တစ်ခါတုန်းကဆို ကောက်တာလေ သူစားချင်တဲ့ စတော်ဘယ်ရီသီးမပါလာလို့ဆိုပြီးတော့ ဘယ်ရမလဲ စိုင်းခန့်တို့က ဘားကကောင်လေးတစ်ယောက်ကို အလုပ်ရှုတ်နေလားလည်းမသိဘူး ဝယ်ခိုင်းတော့တာပဲ။
အမလေး ဟိုကလည်း သူ့ဆိုင်ရှင်ခိုင်းရင် ဒီကလေးလေးအတွက်ဆိုတာ သိနေတော့ တစ်မြို့လုံးကိုပတ်ရှာပေးတယ်ဗျာ။ အဲ့နေ့က စျေးသွားရက်မို့သာသွားရတာ ယံလေးမအားပါ၊ သင်တန်းဆင်းပွဲမို့ မှာစရာရှိတာမှာပြီး ခွဲစရာရှိတာခွဲရသည်။ ဆိုင်ကိုအလုပ်ပြန်ဝင်တဲ့ကလေးတွေက သိပ်မမှာရပေမဲ့ တခြားကိုသွားမယ့်ကလေးကျတော့ လက်တွေ့ကိုသိပ်မသင်ပေးလိုက်ရသလိုဖြစ်တော့ မှာစရာတွေရှိသည်။
သင်တန်းတက်ပြီး ဆိုင်တင်အလုပ်ပြန်ဝင်ရင် သင်တန်းကြေးကတစ်မျိုး၊ ဆိုင်ပြန်မဝင်မယ့်ကလေးတွေကျ သင်တန်းကြေးကတစ်မျိုးမို့ ပြီးတော့ အဲ့နေ့ကျမှ ပိုက်ဆံအပြီးချေတဲ့ကလေးလည်းရှိတော့ ခွဲစရာရှိတာ အဲ့မှာပဲတစ်ခါတည်းခွဲရတာမို့…
သူတအားပြာယာခတ်တဲ့နေ့ဆိုတော့ ယမ်ယမ်းစားတဲ့စတော်ဘယ်ရီကလည်း ခြံထွက်ပင် ခြံကကိုယ်တိုင်လာချင်သူများကိုပင် ဖိတ်ခေါ်သည်။ ဒါပေမဲ့ မအားပေ ယားလို့တောင်မကုတ်နိုင်သေး ဆိုတော့ စိုင်းခန့်နဲ့ထားခဲ့ရတာပေါ့။ ယမ်းလေးကအချစ်ခံနော် စိုင်းခန့်ကအများအားဖြင့် ယမ်းလေးနဲ့နေရတာ ဆိုတော့ သူသွားလေရာ ကလေးကိုခေါ်သွားတတ်တာ အကျင့်ပင်။ တစ်ခါတစ်လေ အားလုံးက ကလေးကို သူ့သားလားလို့တောင်အမေးခံရတာ ခဏခဏပါ အဲ့ကိစ္စနဲ့ပတ်သတ်ပြီး ထင်ချင်ရာထင် မဖြေရှင်းဖြစ်ပါ။
YOU ARE READING
Love is you
General Fictionမောင် မင်းကို ချစ်တယ် မင်းဟာမောင့်ရဲ့အရာရာပဲ မင်းမောင့်ကိုမေးတယ် အချစ်ဆိုတာဘာလဲတဲ့...