Ep.27

55 4 0
                                    

မာန်စောင့်နေပြီး မကြာဘူး ပိုင်သုတို့ရောက်လာသည် ပြီးတော့ ညှို့ရောက်လာခဲ့သည် နောက်ဆုံးကျမှ မိုးလျှံတို့ကရောက်လာသည်။

"ဟေ့ကောင် ညကများသွားလို့လာ ဟလား"

"အေး ငါအရှိန်လွန်သွားလို့ကွ"

ရောက်ရောက်ခြင်း စောက်နဲ့ထွင်းတာ ပိုင်ပိုင်တို့ကတော့ စေမြတ်ခမျာ ခေါင်းမဖော်ရဲရှာ၊ မသာကောင် မိုးထက်က မျက်နှာကြီးချီလို့ပေါ့။

"တော် တော် မင်းတို့ကောင်တွေ မလာသေးဘူး နှာခေါင်းကိစ္စက အရင် အစည်းဝေးကနီးနေပြီ ဒီလောက်ထိတစ်ခါမှနောက်မကျဖူးဘူး နောက်ကို သတိထား"

မာန်လည်း ခေါင်းဆောင်ပီပီ ပိတ်ဟောက်လေပြီ၊

"အေးပါကွာ ဘာလဲ မင်းကမနာလိုတိုရှည်နေတာလား ဒါဆိုလည်း ရှာပေါ့ကွာ"

"ဘာမှမနာလို တိုရှည်စရာမပါဘူး စမယ် ၈ နာရီကထိုးတော့မှာ"

လူစုံတော့အစည်းဝေးစကာ အပြိုင်ဆိုင်ငြင်းခုံလို့ နောက်ဆုံး စိတ်ကျေနပ်တဲ့ ဆုံးဖြတ်ချက်ကို ချပြီးချိန်က ၁၀ နာရီထိုးဖို့ ၅ မိနစ်ပင်လိုသေးသည်။ ဒါပေမဲ့ ဝီရိယကောင်းတဲ့ မမြတ်ကရောက်နှင့်နေပြီ ကျန်တဲ့ကောင်တွေက သူတို့အစီစဥ်တွေနဲ့သူတို့ရှိပြီးသားမို့ ပြန်ကုန်ကြပြီ။

"မမြတ် ကွက်တိပဲနော် ဝီရိယက​တော့ကောင်းချက် ဘယ်တော့မှနောက်ကျတယ်ဆိုတာ မဖြစ်စေရဘူးပဲ"

"မမြတ်တို့ VIP room ယူကြမလား နဲနဲအရေးကြီးတာမို့"

"အာ ဟုတ် သားပြောလိုက်မယ် ခဏနော်"

သူလည်း ပိုင်သုတို့ ပြောပြီး Vip တစ်ခန်းယူကာ မမြတ်ကိုပြန်လာခေါ်ရသည်။

"သားတို့သွားလို့ရပြီ မမြတ်"

-----------

"ဘာမို့လဲဟင် အတော်များ အရေးကြီးလို့လား ပုံမှန်ဆို မမြတ်ကသီးသန့်ခန်းတွေမကြိုက်တတ်ဘူးလေ"

မမြတ်ပြောရခက်နေတဲ့ပုံပေါက်နေတာမို့ သူကစမေးလိုက်တော့သည်၊

"ဟုတ်တယ် သတိပေးချင်တာရှိလို့ မာန် အရင်ကဘာတွေဖြစ်ခဲ့လဲဆိုတာ ခုထိမမှတ်မိသေးဘူးမလား"

Love is youWhere stories live. Discover now