ယမ်ယမ်းလေး ဆေးရုံကပြန်လာပြီး စိုင်းခန့်နဲ့ တွတ်တီတွတ်တာတွေ ကြားရပြီး ခုတော့ နှစ်ယောက်လုံး တိတ်သွားကြပြီ။ ယမ်းလေးအိပ်ပျော်သွားပြီ ထင်ပါရဲ့ စိုင်းခန့်ကအချော့ကောင်း ယမ်းလေးကအအိပ်မက်တာနဲ့တော့ ကွက်တိပဲ။ သူလည်း ယမ်ယမ်းအခန်းလေးကို သွက်သွက်လေးရှင်းပြီး ထွက်လာတော့ တကယ်ပဲ ယမ်းလေးအတွက် ကစားဖို့ ထားပေးတဲ့အခန်းလေးထဲ စိုင်းခန့်က ချီပြီး ပတ်လျောက်ပေးနေသည်။
ဒါကြောင့် ကလေးက လက်ကြိုက်ပြီး လူရွေးတတ်နေတာ ဒီလောက် အလိုလိုက်တဲ့ ဦးလေးရှိနေတော့သူလေးလည်း အကောင်းကြိုက်တတ်သူလေးကို ဖြစ်လို့။ သူလည်း အခန်းထဲသိပ်ဖို့ မျက်နှာရိပ်ပြပြီး မီးဖိုခန်းထဲသာ ဝင်လာလိုက်တော့သည်။ အန်တီခင်နဲ့မိအေးရှိတော့ အချက်ပြုတ်စိတ်ချရပေမဲ့ ဖျော်ရည်ဘာညာဆို ကိုယ်တိုင်လုပ်ရမှ ကျေနပ်တတ်တဲ့ ယံလေးကြောင့် ဘယ်သူမှပြောမရပေ။
အခုလည်း စိုင်းခန့်ကို အားနာလို့ သံပုရာရည်ဖျော်ပေးမလို့ပင် သူလည်း ချောကလတ်ပူပူတစ်ခွက်သောက်ချင်လို့ပေါ့လေ။ စိုင်းခန့်က ဖျော်ရည်ကြိုက်တတ်တဲ့သူမဟုတ် ဒါပေမဲ့ ယံလေးသာဖျော်ပေးလို့ကတော့ အဆိပ်တောင် မျက်စိမှတ်သောက်မယ့်သူမျိုး။
ဒါပေမဲ့ ဂျီးများတတ်တဲ့အကျင့်အရ သံပုရာရည်ကလွဲရင် မသောက်တတ်ပေ။ ယံလေးကလည်း ချဉ်ခြင်းတက်တကတည်းက ချောကလတ်ပူပူသောက်တတ်တာ အကျင့်တောင်ပါနေပြီ။ ယံလေးဖျော်နေတုန်း နောက်ကနေ ဝင်လာသည် လာပါပြီ ရှည်တော့၊ကဲတော့မည့်အမျိုး…
"ဟာ ပေးပေး ဘာလို့ဓားတွေ ကတ်ကြေးတွေကိုင်နေရတာတုန်း မိအေးရှိတာကို ခေါ်မခိုင်းပဲနဲ့ ဒါမှမဟုတ်လည်း ငါလာမှာပေါ့ မင်းကလည်း"
မိအေးခမျာ အခါ်သာရှိပြီး တကယ်လုပ်ရကိုင်ရသည်မဟုတ် သေချာသည် လမ်းလျောက်နေရင် ခလုတ်တိုက်နေမည်သာ၊
"ရပါတယ် ငါကလေးမဟုတ်ဘူး၊ ပြီးတော့ နေရာတကာ သူများအားမကိုးတတ်တာ မင်းသိသားပဲ"
ယံလေးကတကယ်ကို မကြိုက်တာပါ၊ သူလုပ်နေတဲ့အလုပ် တခြားသူကို အကူညီတောင်းရတာမျိုး၊ ဝင်ကူခံရတာမျိုးဆို သူစိတ်တိုင်းမကျတော့တာ အသိသာပင်။
YOU ARE READING
Love is you
General Fictionမောင် မင်းကို ချစ်တယ် မင်းဟာမောင့်ရဲ့အရာရာပဲ မင်းမောင့်ကိုမေးတယ် အချစ်ဆိုတာဘာလဲတဲ့...