Ep.14
မနေ့က ဆေးစစ်ရက်မို့ မမကတမင် လာအားပေးတါပါ၊ တခြားသော ကိုယ်ဝန်ဆောင်တွေက ဒီလိုချိန်ဆို အားငယ်တတ်တယ်တဲ့။ ယံလေးတော့ အားမငယ်ပါဘူး သားသားလေးရောက်လာတော့မယ့်အချိန် နီးလာလေလေ ပျော်လေလေပဲ။
ကလေးငယ်ကိုအရမ်းတွေ့ချင်နေပြီ၊ တစ်ဖက်မှာလည်း မောင့်အပေါ်အပြစ်မကင်းသလို ခံစားရတယ်၊ မောင် ငါ့ကိုနားလည်ပေးပါနော်။ ငါတစ်ကိုယ်ကောင်းဆန်သွားတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။
ပြီးတော့ ယုံကြည်တာတစ်ခုက မောင်ငါ့ဆီ ပြန်လာမှာပါ။ ဒီလိုပုံစံနဲ့ပဲ သားသားကိုတွေ့ရဖို့အချိန်ကမဝေးတော့ပါဘူး။ သားသား ပါပါးကို နားလည်ပေးမယ်မလား။ အကယ်၍ ပါပါးကိုနားမလည်ပေးနိုင်ရင်တောင် ခွင့်လွတ်ပါသားသားရယ်။
ယံလေး ကလေးငယ်ကို ဘယ်လိုနည်းနဲ့မှ အဆုံးရှုံးမခံနိုင်ပါ။ မောင်ကသူ့ရဲ့ယုံကြည်မှုဆိုရင် ကလေးငယ်ကသူ့ရဲ့အသက်ပါပဲ။ အရာရာက ကံဇာတ်ဆရာရဲ့အလိုတော်ကျပဲမို့ ဖြစ်ပျက်သမျှတွေကို သူနေသားတကျနေနိုင်ဖို့ တော်တော်လေးတော့ ကြိုးစားခဲ့ရသည်။
"ယံလေးရေ ထမင်းစားပြီး ဆေးသောက်နော် မေ့နေမှာစိုးလို့"
"မမေ့ဘူး အန်တီခင် သားသောက်ပြီးပါပြီ"
"ဟုတ်ပါပြီရှင်"
အန်တီခင့်အသံကြားမှ အတွေးများရပ်တော့သည်၊ မဟုတ်လျှင်တော့ သေချာတယ် သူဒီတိုင်းဝရန်တာမှာ နာရီအနည်းငယ်တော့ ထပ်ပြီးမတ်တက်ရပ်နေမိဦးမှာပင်။ သူကအဲ့လိုပဲ တစ်ခုခု အတွေးလွန်သွားရင် တခြားကိုအာရုံမထားမိတော့ဘူး။
မမက တရားထိုင်ဖို့ပြောတယ် သူအဲ့လိုဖြစ်တာ စိတ်အရမ်းပျံလွင့်သည်ဟုထင်ပုံရသည်။ တကယ်က တစ်ခုခုကိုအာရုံစိုက်မိရင် အခြားရာတွေဘာဖြစ်နေသလဲ မသိတော့တာ အကျင့်ဆိုးတစ်ခုပါ။
တရားထိုင်တာတော့ နဲနဲအလုပ်ဖြစ်တယ် ခုနောက်ပိုင်း သူသတိမေ့တာ ဘာညာသိပ်မဖြစ်တော့ဘူး။ အင်း သတိဆိုမှ မောင်တစ်ယောက် ဘာတွေများလုပ်နေမလဲနော်။ အရင်ကသူမေ့ရင် နောက်ကလိုက်သတိပေးမယ့် မောင်ရှိသည်။
YOU ARE READING
Love is you
General Fictionမောင် မင်းကို ချစ်တယ် မင်းဟာမောင့်ရဲ့အရာရာပဲ မင်းမောင့်ကိုမေးတယ် အချစ်ဆိုတာဘာလဲတဲ့...