episode-11

6.3K 680 15
                                    

Tijuana City  အကြောင်းလေးနဲနဲလေ့လာရအောင်မက္ကစီကိုနိုင်ငံရဲ့၆ခုမြောက်အကြီးဆုံးမြို့ဖြစ်ပြီးအန္တရာယ်အရှိဆုံးနှင့်ကမ္ဘာပေါ်တွင်အကြမ်းဖက်မှုအများဆုံးအဖြစ်အဆင့်သတ်မှတ်ခံရတဲ့မြို့တွေထဲကတခု

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Tijuana City  အကြောင်းလေး
နဲနဲလေ့လာရအောင်
မက္ကစီကိုနိုင်ငံရဲ့
၆ခုမြောက်အကြီးဆုံးမြို့ဖြစ်ပြီး
အန္တရာယ်အရှိဆုံးနှင့်ကမ္ဘာပေါ်တွင်
အကြမ်းဖက်မှုအများဆုံးအဖြစ်
အဆင့်သတ်မှတ်ခံရတဲ့မြို့တွေထဲကတခု....
နယ်စပ်မြို့ဖြစ်တာနှင့်အညီ
ဒုစရိုက်မှုကြီးစိုးသော
Tijuana Cityသည်
မူးယစ်ဆေးဝါးဂိုဏ်းများ၊ မရေမတွက်နိုင်သောလိမ်လည်မှုများနှင့်မြောက်များစွာသော
မှောင်ခိုမှုများအကြား
နယ်မြေအငြင်းပွားမှုများကြောင့်
မြို့သည်အန္တရာယ်ရှိကာ
သာမာန်သူတွေ
အနေဖြင့်ခရီးသွားဖို့
မသင့်လျော်သောမြို့.....

သို့သော်Jeonတို့လို
ဒုစရိုက်ဘုရင်တွေအတွက်တော့
Tijuana ဟာလောကနိဗ္ဗာန်ဘုံတခုနှင့်မခြား
လွတ်လပ်စွာလုပ်ပိုင်ခွင့်တွေရခြင်း....
.night clubနဲ့ကာစီနိုများဖြင့်
တညလုံးစည်ကားလွန်းလို့
စိတ်ကြိုက်သုံးဖြုန်းပစ်ဖို့ကောင်းခြင်း...
အသက်တချောင်းကိုအလွယ်တကူ
အစဖျောက်ပစ်ဖို့လွယ်ကူနေခြင်း....
နယ်စပ်မြို့ဖြစ်ခြင်းကြောင့်
မူးယစ်ဆေးဝါးနှင့်တခြားသောအရာများအလွယ်တကူရောင်းဝယ်လို့ရနေခြင်းကလည်းJeonတို့အတွက်
မျက်စိကျစရာဖြစ်လို့နေခဲ့သည်။
အမြော်မြင်ရှိလှသော
Joonသည်ခြံဝန်းကျယ်ကျယ်နှင့်
အိမ်တလုံးTijuanaမှာဝယ်ယူထားခဲ့ပြီးအလုပ်ကိစ္စရှိတဲ့အချိန်မှသာ
လာတတ်ပေမယ့်Jeonကတော့
အမြဲတမ်းနေသူမို့တအိမ်လုံးကြည့်လိုက်ရင်Jeonရဲ့အငွေ့အသက်တွေချည်း...
အနက်ရောင်တမျိုးထဲသာစွဲစွဲမြဲမြဲရှိလှသောJeonသည်ကြိုက်မိပြီဆိုပါရင်
ဘယ်လိုမှတခြားဟာပြောင်းကြိုက်ဖို့
နားချလို့မရတတ်သူ....
အတ္တကြီးပြီးတဖက်သတ်ဆန်လွန်းတယ်ဘဲ့
ပြောရမလားJeon သည်
ကလေးဘဝတုန်းကပင်
မှုန်ကုတ်ကုတ်အကြည့်နဲ့
တဇွတ်ထိုးလုပ်တတ်သော
အကျင့်ပါလာပြီးသား...
သူ့မျက်လုံးထဲရူးရူးမူးမူးလိုချင်လာပြီဆို
ဘယ်လိုအရာမျိုးဖြစ်နေခဲ့ပါစေ
အပိုင်ရအောင်သိမ်းပိုက်တတ်သည်။
သူစွဲလမ်းရူးသွပ်မိတဲ့ပိုင်ဆိုင်မှုတွေကို
ကိုယ်ထိလက်ရောက်ကျူးလွန်လာလို့ကတော့
ရေဆုံးမြေဆုံးထိလိုက်ကာ
အမှုန့်ချေမည့်သူမျိုး....
အခုလည်းPark jiminကို
အရုပ်လေးတရုပ်လို
သဘောထားပြီးလိုချင်တယ်ဟု
သူ့ဆီကတောင်းခံနေပြန်သေးသည်။
သူကမပေးဘူးဆိုတော့ရော
ငြိမ်ငြိမ်လေးပြီးသွားမည်တဲ့လား...
NoပါJeonရဲ့ရာဇဝင်မှာသူလိုချင်တာ
မရသရွေ့ပြဿနာတခုပြီးတခု
ဖန်တီးကာတဖက်သူကိုစိတ်ဆင်းရဲလာအောင်လုပ်သည်။နောက်ဆုံးမနေနိုင်တော့
အရှုံးပေးကာလိုက်လျောလိုက်ရစမြဲ....
တခြားသူတွေကိုသာလုပ်တာမဟုတ်
အစ်ကိုဖြစ်တဲ့သူ့ကိုပင်လိုချင်တာမရရင်
အမျိုးမျိုးစိတ်ဒုက္ခပေးကာ
ပြဿနာပေါင်းသောင်းခြောက်ထောင်
ဖန်တီးတတ်သည်။

Professional gangsterWhere stories live. Discover now