episode-41

3.9K 410 22
                                    

"ဒီစကားတွေဘဲ့ဆက်ပြောနေမယ်ဆိုရင်ကျနော်ပြန်မယ်"

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.

"ဒီစကားတွေဘဲ့ဆက်ပြောနေမယ်ဆိုရင်
ကျနော်ပြန်မယ်"

လက်ထဲကအအေးခွက်ကိုစားပွဲပေါ်ပြန်တင်လိုက်ရင်းပြောလိုက်တဲ့သူ.....အနဲငယ်စိတ်ရှုပ်သွားတဲ့အမူအရာတချို့မျက်နှာမှာပေါ်လွင်လို့လာသည်။မေမေကတော့သူပြန်သွားမည်ကိုစိုးရိမ်နေတဲ့ဟန်ဖြင့်လက်ကိုအတင်းဆွဲထားခဲ့သည်။

"Kim Taehyung...
မင်းဒီလိုပုံစံရှေ့ဆက်သွားနေရင်
အကုန်ဆုံးရှုံးသွားလိမ့်မယ်ကွ....
နားလည်လား"

"ဟား....ဆုံးရှုံးပါစေပေါ့
အစထဲကကျနော်ပိုင်တဲ့
အရာတွေမှမဟုတ်တာဘဲ့
ဒယ်ဒီ့လို
လောဘမကြီးတတ်ဘူး"

"ဘာကွ....မင်း
ဖအေကိုစော်ကားလိုက်တာလား
အခု.....

"Jiminပိုင်ဆိုင်မှုတွေကို
ဘယ်သူမှလုယူလို့မရအောင်
ကာကွယ်စောင့်ရှောက်ဖို့
သူ့မိဘတွေမဆုံးခင်
ကတိပေးထားခဲ့ပြီးပြီ..
ဒါကြောင့်Jiminဆန္ဒမပါဘဲ့
ဘာတခုမှမလုပ်ပါနဲ့....
ဒီထက်ပိုဆိုးလာရင်သားအဖဆိုတဲ့
ပတ်သတ်မှုတွေလည်း
ထောက်ထားနေမှာမဟုတ်ဘူး"

"ဟဲ့...သား...အဖေကို
အဲ့လိုမပြောရဘူးလေ"

မေမေသည်ကြားထဲကဝင်၍ပြေရာပြေကြောင်းပြောကာသူ့အားဆုံးမလေသည်။

"မင်း...အခုငါ့ကိုစိန်ခေါ်လိုက်တာလား
Kim Taehyung..... တောက်...
တော်တော်မွေးရကျိုးနပ်တဲ့သား....
မိဘကိုတခွန်းမကျန်ပြန်ခံပြောနေတာများ
ဘယ်သူ့အားကိုးနဲ့မိုက်လုံးကြီးနေတာလဲ....."

"တော်ပါတော့ရှင်....
ကျမသားတခါတလေမှ
အိမ်ပြန်လာတာကို.....ရှင်ဖြစ်ချင်တာ.....

"တိတ်စမ်း....
မင်းပါးစပ်ကိုပိတ်ထား"

ဧည့်ခန်းတခုလုံးဟိန်းထွက်သွားအောင်အော်လိုက်သောအမိန့်ပေးသံကြောင့်မေမေသည်ကိုယ်လေးတချက်တုန်သွားကာသူ့အနောက်ကိုပြေးဝင်ပြီးကွယ်နေလိုက်သည်။ရုတ်တရက်မေမေဖြစ်သွားသောကြောက်လန့်တုန်လှုပ်နေတဲ့အမူအရာ
ကြောင့်မြိုသိပ်ထားတဲ့ဒေါသတွေသည်ထောင်းကနဲ.....ဖခင်ဖြစ်သူအားတင်းမာခက်ထန်သောမျက်နှာပေးဖြင့်ကြည့်ကာ....

Professional gangsterDonde viven las historias. Descúbrelo ahora