" ကျနော်....New York ရဲဌာနက
လျို့ဝှက်စုံစမ်းထောက်လှမ်းရေးမှူး
Kim Seokjin ပါ...""တွေ့ရတာဝမ်းသာပါတယ်
ကျနော်ကတော့ဒီဆိုးလ်မြို့နယ်
ရဲစခန်းကစုံထောက်ဂင်ဟွန်းဆူပါ
CEO. Kim Taehyungနဲ့
အရမ်းရင်းနှီးတဲ့မိတ်ဆွေတွေပါ"Kim Seokjinမှာစုံထောက်ဂင်ကိုလက်ဆွဲနှုတ်ဆက်လိုက်ပြီးဘေးဘီဝဲယာသို့တချက်အကဲခတ်ကာ....သူသိချင်တာကိုစတင်မေးလိုက်တော့သည်။
"ကျနော်ဒီကိုရီးယားကိုရောက်နေတာ
Park Jiminပြန်ပေးဆွဲခံရတဲ့
အမှုအတွက်သံဿယရှိသူတွေကို
အနီးကပ်စုံစမ်းဖို့ရောက်နေတာမို့
စုံထောက်ဂင်အနေနဲ့ဒီအမှုကို
ကျနော့်ကိုလက်လွဲပေးလိုက်စေချင်တယ်
CEO Kim Taehyungကလည်း
New York ရဲဌာနမှာအမှုအပ်ထား
တာကြောင့်လေ...."Kim Seokjinမှာစုံထောက်ဂင်တို့အဖွဲ့ရောက်လာပြီးKim Namjoonနဲ့Jeon Jungkookတို့နှစ်ယောက်ကိုစစ်ဆေးဖို့အတွက်ဆိုးလ်ရဲစခန်းကတာဝန်ပေးလိုက်သည်လို့ပြောကတည်းက
ထိန့်ထိန့်လန့်လန့်ဖြစ်သွားတာတော့အမှန်ပင်။
အခုအချိန်ကမင်္ဂလာပွဲကျင်းပနေတဲ့အချိန်မို့
Joonတို့ညီအစ်ကိုနှစ်ယောက်စလုံးဘယ်လိုမှရှောင်ထွက်သွားလို့ရမှာမဟုတ်ဘူးဆိုတာသူကြိုသိနေ၍တာဝန်ကိုလက်လွဲပေးဖို့တောင်းဆိုလိုက်ရခြင်းပင်ဖြစ်သည်။ဘယ်လောက်ဘဲ့အမှန်တရားကိုလက်ကိုင်တုတ်လိုမြဲမြဲဆုပ်ကိုင်ထားသောသူဖြစ်နေပါစေ....
Kim Seokjinတစ်ယောက်ချစ်ရသူဒုက္ခရောက်
မည့်အရေးကိုတော့မျက်စိမှိတ်ပြီးဘေးရှောင်ထွက်သွားဖို့စိတ်ကမမာနိုင်ခဲ့ပြန်..."Seokjin....ssi
ဘာပြောတာလဲကျနော်
သိပ်နားမလည်ဘူးခင်ဗျ...
Park Jiminပြန်ပေးဆွဲခံရတဲ့
အမှုကလည်းသူတို့နှစ်ယောက်နဲ့
ပတ်သတ်နေတာဘဲ့လား....""အဲ့..ဟို...သံဿယဖြစ်တဲ့
လူစာရင်းထဲမှာထည့်ထားတုန်းပါ
သိပ်မသေချာသေးဘူး....ဒါနဲ့
စုံထောက်ဂင်တို့ကဘာအမှုနဲ့
သူတို့နှစ်ယောက်ကိုစုံစမ်းဖို့
ရောက်လာတာလဲ"သေစမ်းKim Seokjin.....
Kim Namjoonကိုစစ်ဆေးမေးမြန်းစရာရှိတယ်လို့ဟိုကပြောလိုက်ရုံဘဲ့ရှိသေးတာ...
ဘာအတွက်မေးမြန်းဖို့လာတာမှန်းမသိသေးဘဲ့
ထင်ရာတွေလျှောက်ပြောလိုက်မိပြန်ပြီ.....