"Jeon.. Jeon... Jeon
ဘုရားရေ...သွေးတွေပါလား"လက်သီးနဲ့ရောခြေထောက်တွေနဲ့ပါ
စိတ်ကြိုက်ရိုက်နှက်ပြီးတွန်းလှဲပစ်ခံလိုက်ရသော
Jeonနံဘေးတွင်ဒူးထောက်ထိုင်ချလိုက်ပြီးရင်ခွင်ထဲဆွဲသွင်းကာပွေ့ဖက်ထားလိုက်မိသည်။ရိုက်နှက်ထိုးကြိတ်တဲ့သူတွေထွက်သွားကြပြီဆိုပေမယ့်လည်းထပ်ပြီးနာကျင်မည်စိုးကာတင်းကြပ်စွာပွေ့ဖက်ထားသည့်လက်တွေကဖြေလျော့မသွား။တခုခုဖြစ်သွားပြီလားဆိုတဲ့အတွေးများဖြင့်စိတ်ပူပင်ခြောက်ခြားရလွန်းလို့Jiminမျက်နှာမှာပြိုတော့မည့်မိုးလိုတဖြည်းဖြည်းမဲ့ကျလာပြီးမျက်ရည်ကြည်လေးတွေမျက်ဝန်းအိမ်ထဲဝေ့ဝဲလာတာမို့စောစောကနာလို့ဘာစကားမျှမပြောဘဲ့ငြိမ်ငြိမ်လေးအသံတိတ်နေမိတဲ့လူဆိုးJeonမှာဆက်ပြီးကြည့်မနေနိုင်တော့သည်မို့သူ့ပါးပြင်ကိုခပ်ဖွဖွလိုက်စမ်းနေတဲ့လက်ကလေးအားဖမ်းဆုပ်လိုက်ပြီးခပ်တိုးတိုးလေးသာပြန်ပြောလိုက်သည်။
"Jimin...
ကိုယ်အဆင်ပြေပါတယ်
အဲ့လောက်စိတ်မပူပါနဲ့"ပြောလိုက်ကာမှပိုတောင်ဆိုးသွားသေး....
ရင်ဘက်ကိုသုံး,လေးချက်လောက်ရိုက်ပြီးမျက်ရည်တွေကျလာတဲ့မျက်နှာလေးကနီရဲလို့
သူ့တခုခုဖြစ်သွားမည်ကိုစိုးရိပ်ပူပန်လွန်းနေတဲ့အမူအရာတွေဖြင့်။"အာ့...ဘာလို့ရိုက်တာလဲPark Jimin"
"ဘာကိုအဆင်ပြေတာလဲ
ဒီလောက်သွေးတွေထွက်နေတာကို
စိတ်မပူလို့ရမလား....
မင်းမှာလက်မပါဘူးလား
ပြန်ပြီးတောင်မခုခံဘဲ့ငြိမ်နေလိုက်ရအောင်
အဲ့ကောင်တွေကိုကြောက်နေလား"Jiminမှာစိတ်တိုပြီးမခံနိုင်လွန်းလို့သာJeonကိုအပြစ်တွေပြောနေမိတာလေ။သူပါနေလို့Jeon ဘာမှပြန်မလုပ်လိုက်မှန်းအစထဲကရိပ်မိပြီးသားသူ့ကြောင့်သာJeon ခံလိုက်ရတာဆိုတဲ့စိတ်ကြောင့်ငိုချပစ်ချင်စိတ်ကဘယ်လိုမှ
တင်းထားလို့မရတော့ဘဲ့မျက်ရည်တွေ
စီးကျလာတော့သည်။