"မနေ့ကကိစ္စအတွက်
ငါတောင်းပန်ပါတယ်....ယောင်းလေး"Jiminဆီကတောင်းပန်စကားကိုသူ့ဘက်က
တခွန်းမှပြန်မပြောမိ.....ကားမောင်းတာကိုသာအာရုံစိုက်ထားလိုက်ပြီးနံဘေးမှာထိုင်နေတဲ့Jiminကိုလည်းတချက်လေးတောင်လှည့်
မကြည့်.....သူ့စိတ်ထဲJeon Jungkookရဲ့ပိုင်စိုးပိုင်နင်းလုပ်နေမှုတွေကိုဘာတခွန်းမှပြန်မပြောဘဲ့တိတ်ဆိတ်နေတဲ့Jiminကိုလည်းသိပ်မကျေနပ်ကာစိတ်ဆိုးနေမိသည်။စတွေ့ထဲကဘယ်လိုမှအကြောမတည့်သောJeon Jungkookဆိုတဲ့သူကိုJiminအနားကထွက်သွားအောင်ဘယ်လိုရှင်းထုတ်ပစ်ရမလဲဆိုတာသာသူ့အတွေးထဲစိုးမိုးလို့ထားသည်။"ငါပြောနေတာကြားရဲ့လား...
တခုခုပြန်ပြောအုံးလေ....ယောင်း"ကားစီယာတိုင်တွေပေါ်တင်ထားတဲ့သူ့လက်တွေကိုကိုင်လှုပ်ကာမေးလာတဲ့သူငယ်ချင်းလေးကြောင့်သူ့မှာဆက်တင်းမထားနိုင်တော့ဘဲ့လှည့်လိုက်မိသည်။စိတ်မကောင်းဖြစ်နေတဲ့မျက်နှာလေးကသူစိတ်ဆိုးမပြေသေးလို့ဝမ်းနည်းနေသလို....အနဲငယ်ဖူးရောင်နေတဲ့နှုတ်ခမ်းနီတာရဲလေးတွေဆီအကြည့်ရောက်သွားမိချိန်သူ့စိတ်ထဲအတွေးပေါင်းသောင်းခြောက်ထောင်ကတိုးဝင်လာကြတော့သည်။