episode-32

5.5K 687 85
                                    

"Tae... ပြန်ကြရအောင်
မင်းအရမ်းများနေပြီ"

"မပြန်ဘူး....Jimin
အိမ်မှာဟိုကောင်ရှိနေသရွေ့
လုံးဝမပြန်ဘူး..."

မျက်စိရှေ့ကခေါင်းမဖော်နိုင်အောင်မူးနေသောသူကိုကြည့်ကာဘာဆက်လုပ်ရမှန်းမသိအောင်အခက်တွေ့နေမိသောJung Hoseok......

ဒီနေ့တနေကုန်အသဲကွဲပြီးအရုပ်ကြိုးပြတ်ပြိုလဲကျနေတဲ့နှလုံးသားတစုံကိုဖေးမနှစ်သိမ့်နေရတာနဲ့အားလပ်ရက်ဖြစ်သော်လည်းတခဏလေးတောင်သူ့မှာမနားရသေး.....

မနက်ထဲကJiminအိမ်မှာပြဿနာဖြစ်လာတဲ့အရှိန်ကညဘက်Bar ကိုရောက်တဲ့ထိမူးရူးနေအောင်သောက်ကာအသဲကွဲလို့မပြီးနိုင်သေးသောTaehyungတယောက်ကြောင့်သူ့မှာပင်ပန်းသော်လည်းအေးအေးမနေရ.....

ကိုယ်ချစ်တဲ့သူမို့တခုခုဖြစ်သွားမှာစိုးရိမ်တဲ့စိတ်ဖြင့်တနေကုန်အနားကတဖဝါးမခွာဘဲ့ရှိနေခဲ့ရတာ.....

တကယ်ဆိုသူကTaehyungထက်ကိုပိုပြီးခံစားရသေးသည်။မျက်စိရှေ့မှာကိုယ်အရမ်းချစ်နေတဲ့သူဟာတခြားတယောက်ကြောင့်အသိစိတ်လွတ်အောင်ကြေကွဲပြနေပြီးမူးရူးကွဲပြဲနေတာကိုကြည့်ပြီးရင်ထဲနာကျင်ခံစားရတာလောက်ဆိုးတာမရှိတော့ဘူးလို့သူထင်သည်။

လူမှန်းသူမှန်းမသိအောင်မူးနေသူအနားစိတ်ညစ်ညစ်နဲ့တခွက်ပြီးတခွက်မော့နေခဲ့သောသူသည်လည်းတော်တော်မူးနေပြီဖြစ်ကာအသိစိတ်ကတချက်တချက်လွှတ်သွားချင်နေတာကြောင့်ဆက်မသောက်တော့ဘဲ့အိမ်ကိုပြန်ရန်သာ
Taeကိုချော့ခေါ်နေရတော့သည်။..
ဆက်သောက်လို့သူပါမှောက်သွားရင်ဒီညအိမ်ပြန်ရောက်တော့မည်မဟုတ်......
.နဲနဲများသွားလို့ခပ်ထွေထွေဖြစ်လာတဲ့အာရုံကိုတည်ငြိမ်အောင်အတင်းစုစည်းပစ်လိုက်ပြီးခဏလောက်ငြိမ်နေလိုက်သည်။
ပြီးနောက်နံဘေးကမူးပြီးမှောက်နေသူကိုလှုပ်နိုးလိုက်သည်။

"Tae... အိမ်ပြန်ရအောင်
အရမ်းမိုးချုပ်နေပြီ....
Jimin စိတ်ပူနေလိမ့်မယ်"

Jiminဆိုတဲ့နာမည်လေးကြားလိုက်တာနဲ့Taeသည်စိုက်ကျနေသောခေါင်းကိုပြန်ထောင်မတ်လာပြီးသူ့ကိုခပ်ထွေထွေအကြည့်တွေဖြင့်စိုက်ကြည့်ကာ....စကားလုံးတို့တလုံးခြင်းလေးကန်စွာထွက်ကျလာတော့သည်။

Professional gangsterWhere stories live. Discover now