ဟိုင်းဝေးလမ်းပေါ်အရှိန်နဲ့ပြေးနေသောအနက်ရောင်အမိုးဖွင့်ပြိုင်ကားလေးထဲတွင်တော့သိပ်လှတဲ့နတ်ဘုရားလေးတပါးဟာစိတ်လက်ပေါ့ပါးစွာရယ်မောလျက်နံဘေးကအနက်ရောင်ဝတ်စုံအပြည့်ဆင်မြန်းထားသောသူ့ပါတနာနတ်ဆိုးလေးကိုစကားတွေဖောင်ဖွဲ့ပြောနေလိုက်ပုံများဘယ်အချိန်ကဒီလောက်ရင်းနှီးသွားကြသလဲစာရေးသူတောင်မသိလိုက်😁။
"ရောက်ပြီလားJeon"
အရှိန်နဲ့မောင်းနေရင်းမှလမ်းဘေးတနေရာအရှိန်လျော့ပြီးကားရပ်လိုက်သည်မို့Jeonဘက်လှည့်ကြည့်ကာသူမေးလိုက်ခြင်းသာ....ပခုံးထက်လာခြုံပေးလိုက်သောကုတ်အင်္ကျီကြောင့်အနဲငယ်နွေးထွေးသွားသည်။အိမ်ကထွက်လာတုန်းကတီရှပ်လက်တိုအနက်လေးသာဝတ်ထားသည်မို့အမိုးဖွင့်မောင်းလာသောပြိုင်ကားထဲထိုင်လိုက်လာတာကြာသောအခါချမ်းစိမ့်စိမ့်ဖြစ်လာတဲ့သူ့ကိုJeonကသတိထားမိသွားတယ်ထင်သည်။ကားရပ်ကာသူဝတ်ထားတဲ့ကုတ်အင်္ကျီကိုချွတ်၍ခြုံပေးလိုက်သည်မို့ကိုယ့်မှာအလကားသက်သက်အနေခက်သွားမိသည်။
"အေးနေတယ်မလား...ဝတ်ထားလိုက်"
"အာ...ရပါတယ်
အဲ့လောက်မအေးပါဘူး
မင်းဘဲ့ပြန်ဝတ်ထားလိုက်ပါ"လာခြုံပေးတဲ့ကုတ်အင်္ကျီကိုပြန်ပေးမယ်လုပ်တော့အတင်းပြန်ဝတ်ပေးသည်။
"...ရွံ့လို့လား"
"မဟုတ်တာ...အဲလိုစိတ်မရှိပါဘူး
ဒီအတိုင်းအားနာမိလို့""ဘာလဲ.....ရုတ်တရက်
အရမ်းဂရုစိုက်ပြနေလို့
တမျိုးတွေးပြီးနေရခက်သွားတာလား""အရူး....လိုရာဆွဲတွေးမနေနဲ့
ငါယူဝတ်လိုက်ရင်မင်းအေးနေမှာစိုးလို့""ဒီကောင်အအေးမိမှာစိုးရိမ်တယ်ပေါ့
အဲ့လိုလား...Jimin...ssi!! "Jeonစကားကိုမကြားသလိုလုပ်ကာကုတ်အင်္ကျီကိုယူဝတ်လိုက်သည်။တခါတလေသူ့ကိုကလေးတယောက်လိုသဘောထားကာမခံချင်အောင်လိုက်စနောက်ပြီးသဘောကျစွာရယ်မောနေတတ်တဲ့Jeonဟာကမ္ဘာတခုမှာနှလုံးသားတခုနဲ့အပြစ်ကင်းစွာရှင်သန်နေတဲ့လူသားတယောက်ကဲ့သို့ပင်......