"ကျေးဇူးပြုပြီးဘေးဖယ်ပေးကြပါ"
ဆေးရုံအတွင်းမှတာဝန်ကျဆရာဝန်တချို့ပြေးထွက်လာပြီး Ambulance ပေါ်မှJiminခန္ဓာကိုယ်လေးအားပြောင်းရွေ့သယ်ယူရင်းအရေးပေါ်ခန်းဆီအပြေးအလွှားခေါ်ဆောင်သွားကြသည်မို့Taehyungနဲ့
Jung Hoseok မှာလည်းအနောက်ကအပြေးလိုက်သွားကြသည်။"ဒေါက်တာ....ကျနော်သူ့ရဲ့အုပ်ထိန်းသူပါ"
အနားကဆရာဝန်တစ်ယောက်ရဲ့လက်ကိုအတင်းပြေးဆွဲလိုက်မိသည်။တာဝန်ကျဆရာဝန်မှာသူ့ကိုတချက်ကြည့်ကာအလျင်လိုနေဟန်ဖြင့်စကားကိုခပ်မြန်မြန်ပြောလာခဲ့သည်။
"လူနာကခွဲစိတ်ခန်းဝင်ရမယ်ထင်တယ်....
ခင်ဗျားကအုပ်ထိန်းသူဆိုရင်
ရုံးခန်းကိုမြန်မြန်သွားသင့်တယ်""ဗျာ"
ခွဲစိတ်ခန်းဝင်ရမယ်တဲ့....ရပ်နေတဲ့ခြေထောက်တွေပင်ခွေယိုင်ကျမသွားအောင်မနဲထိန်းလိုက်ရသည်။အုပ်ထိန်းသူတစ်ယောက်နေရာကနေ
ခွဲစိတ်ဖို့သင့်,မသင့်ကိုသူဆုံးဖြတ်ရတော့မှာပါလားဆိုသောအတွေးကဆောင်းလယ်
အိပ်မက်ဆိုးတခုကနိုးထလာသူတစ်ယောက်
လိုပင်......အာခေါင်တွေခြောက်လာပြီး
အသက်ရှူမဝချင်တော့ကာရင်ဘက်
တခုလုံးမွန်းကြပ်လာတော့သည်။ခွဲစိတ်လို့တခုခုဖြစ်သွားရင်ဆိုတဲ့
အတွေးကြောင့်သူ့မှာချက်ချင်းဆုံးဖြတ်ချက်
မချနိုင်ဘဲ့ရုံးခန်းတံခါးရှေ့မှာကျောက်ရုပ်တရုပ်လိုရပ်ကာတွေဝေနေခဲ့တာဘယ်လောက်တောင်ကြာသွားလဲမသိပါ..."Park Jimin.. ရဲ့
အုပ်ထိန်းသူ လားရှင့်....""ဟုတ်ပါတယ်"
ထိုစဥ်သူနာပြုဆရာမလေးတစ်ယောက်ပြေးလာပြီးဆရာဝန်ကတွေ့ချင်လို့ဟုဆိုကာလာခေါ်တာကြောင့်သူ့မှာအပြေးတပိုင်းလိုက်လာခဲ့ရပြန်သည်။သူ့ကိုတွေ့တော့ဆရာဝန်မှာအားမလိုအားမရလေသံဖြင့်ခေါင်းရမ်းပြကာစကားဆိုလာသည်။
"လူနာကသတိပြန်ရလာပြီး
အတင်းရုန်းကန်နေလို့
စစ်ဆေးမှုကိုသေချာမလုပ်လိုက်ရဘူး
ဒါကြောင့်သူ့အခြေအနေကို
တိတိကျကျမသိရဘူး....""သူ့မျက်လုံးက...RP? "
"အာ့....Retinitis Pigmentosa(နာတာရှည်မျိုးရိုးလိုက်သောမျက်လုံးရောဂါ)..ကိုပြောတာလား"