"ကျနော်လက်မခံနိုင်ဘူး
ဒီယုတ္တိမရှိတဲ့
သေတမ်းစာထဲက
အကြောင်းအရာတွေက
Jiminရဲ့သဘောထားဆိုတာ
ဘယ်လိုမှမဖြစ်နိုင်ဘူး..."
လက်ထဲကသေတမ်းစာကိုစားပွဲပေါ်
ပစ်တင်လိုက်ပြီးထွက်ပေါ်လာသောTaehyungအသံသည်
အိမ်ကြီးရဲ့ဧည့်ခန်းအတွင်းကျယ်လောင်စွာပင်.....နေပြန်ကောင်းလို့စိတ်အခြေအနေ
ပုံမှန်ပြန်ဖြစ်ရုံလေးရှိသေးတယ်
ဘယ်အချိန်ကစီစဥ်ထားမှန်းမသိတဲ့
သေတမ်းစာကိုထုတ်ပြလာပြီး
ပိုင်ဆိုင်မှုတွေမျက်စိလာကျနေတဲ့
အိမ်တော်ထိန်းဝမ်နဲ့ဖခင်
ဖြစ်သူတို့၏တောင်းဆိုချက်ကို
မနက်ခင်းဧည့်ခန်းထဲထိုင်ကာ
ကော်ဖီသောက်ရင်းက
ဒေါသထွက်ရပြန်သည်။New Yorkကပြန်လာပြီးနောက်ပိုင်း
စိတ်နဲ့လူကသိပ်မကပ်....
.တခါတလေဒေါသတွေ
အရမ်းထွက်နေတတ်ပြီး...
တခါတလေကျလည်းjiminရဲ့
အခန်းထောင့်က
ထိုင်ခုံလေးမှာငြိမ်ငြိမ်လေးထိုင်ပြီး
jiminကိုတယောက်ထဲ
သတိတွေရနေတတ်သည်။လူတွေကတော့သူ့ပုံစံဟာစိတ်ရောဂါရဲ့
လက္ခဏာအစပျိုးနေပြီလို့မြင်လာကြပြီး
စုတ်တသပ်သပ်ဖြင့်သနားသလို
ကြည့်လာကြသည်။
အဲ့လိုတွေထင်နေကြလည်းသူဟာ
ဂရုစိုက်ခြင်းမရှိသလိုစိတ်လည်းမဝင်စားဖြေရှင်းချက်ပြန်ပေးဖို့ဆိုတာတော့
အဝေးကြီးမှာ.....လူတိုင်းကအခုဆိုသူ့ကိုတိတ်တိတ်လေး
လှောင်ရယ်နေကြမလားဘဲ့...
မင်းဘယ်လောက်ထိ Jimin အပေါ်
ဂရုစိုက်ပြီးသဲသဲလှုပ်ဖြစ်ပြခဲ့ပေမယ့်
အခုတော့ဘာတတ်နိုင်သေးလဲဆိုသောစကားများသည်လူကိုယ်တိုင်နှုတ်က
မပြောကြသည့်တိုင်စိတ်ထဲကတော့
ပြောနေကြပေလိမ့်မည် ...........