ခါးသေးသေးလေးဆီသို့အတင့်ရဲစွာ
ကျူးကျော်လာသောလက်တစုံကြောင့်
သူ့မှာဟန်ချက်ပျက်ကာလူဆိုးကောင်ရဲ့
ရင်ခွင်ထဲပြိုလဲကျသွားတာမို့
အတင်းရုန်းကန်ပြီးပြန်ထဖို့ကြိုးစားပေမယ့်အင်အားခြင်းမမျှတာကြောင့်အချည်းနှီးသာ....
စိတ်တိုလာပြီးရန်တွေ့ရန်ပြင်ဆင်ထားသောစကားလုံးတချို့သည်နှုတ်ခမ်းဖျားတွေကို
စုပ်ယူနမ်းရှိုက်လိုက်သောသူကြောင့်
အပြင်ဘက်သို့ထွက်ကျမလာနိုင်တော့ပေ......
တကိုယ်လုံးထူပူသွားကာခဏလောက်
ဆွံ့အသွားပြီးဘာမှပြန်လည်မတုံ့ပြန်မိ......
Jeonဆိုတဲ့လူဆိုးကောင်ဟာစတွေ့ချိန်ထဲက
သူ့အပေါ်ဆက်ဆံတာပုံစံမမှန်ခဲ့တာမို့
နဲနဲတော့လန့်မိသည်။...
အခုတော့သူသေချာသိလိုက်ပြီ.....
မိန်းကလေးတယောက်ကိုဆက်ဆံသလိုမျိုး
သူ့အပေါ်လာပြုမူနေတဲ့Jeonဆိုသူရဲ့
အရိုင်းဆန်သောအပြုအမူများအား
အလန့်တကြားရုန်းကန်ကာလက်နှစ်ဖက်ဖြင့်
တွန်းထုတ်ပစ်လိုက်တော့နမ်းနေတဲ့နှုတ်ခမ်းတွေကိုလွတ်ပေးလိုက်ပြီးကုတ်ဖဲ့ထုရိုက်နေသော
သူ့လက်နှစ်ဖက်ကိုဖမ်းချုပ်ထားရင်း......."ဘာလို့...အဲ့လောက်ရုန်းနေရတာလဲ"
" ငါ့အသားကိုမထိနဲ့....မကြိုက်ဖူး
ဝေးဝေးမှာသွားနေ"