Videoလေးထဲမှာတော့ Gangster ကြီးတကိုယ်ထဲဆွေးနေရပြီ🍀💛
San Diegoရဲဌာနကိုမသွားခင်အချိန်
________________________မနက်အိပ်ယာနိုးလာထဲကJeonအသံကိုမကြားရသေး.....ညကပုံပြောပြရင်းJeonအခန်းထဲမှာဘဲ့သူအိပ်ပျော်သွားတာမို့အခုမနက်နိုးလာတော့မျက်နှာပူသလိုစိတ်ထဲတမျိုးကြီးနေရခက်နေလေသည်။ညတုန်းကသူ့ခါးကိုဖက်ထားတဲ့Jeonကြောင့်အစပိုင်းမှာအရမ်းနေရခက်သလိုရှိပေမယ့်မနက်အထိတရေးမှမနိုးဘဲ့ဘယ်လိုဖြစ်ပြီးသက်တောင့်သက်သာအိပ်ပျော်သွားရသလဲမတွေးတတ်တော့။
မနက်လင်းတော့အခန်းထဲသူတယောက်ထဲသာရှိတော့သည်။Jeonကအစောကြီးနိုးတတ်တဲ့သူမဟုတ်တာကြောင့်ညတုန်းထဲကဒီအခန်းထဲမှာမအိပ်ဘဲ့တနေရာကိုသွားနေတာများလား.....
ပြောရမယ်ဆိုJeonကအရင်ကလည်းညဘက်တွေအိမ်ကိုပြန်လာအိပ်တာတော်တော်လေးရှားခဲ့သည်။Jayကတော့သူဒီအိမ်ကိုရောက်လာပြီးနောက်ပိုင်းကျမှJeonကိုညဘက်အိမ်ကပ်တာတွေ့ရတော့တာဘဲ့လို့ပြောနေလေသည်။အရင်ကဆိုသူ့တပည့်ပိုင်တဲ့clubမှာမိန်းမလှလေးများနဲ့ညဘက်တွေသောက်စားပျော်ပါးပြီးအိပ်နေတတ်ကာအိမ်ကိုပြန်မလာတတ်ဘူးတဲ့
အခုကျမှသာအဲ့လိုအကျင့်တွေထပ်မတွေ့ရတော့တာလို့လည်းJayကတအံ့တဩသူ့ကို
ပြောပြခဲ့ဖူးလေသည်။Jeon ကလူလိမ္မာတယောက်မဟုတ်တာလူကောင်းတယောက်မဟုတ်တာ,အစထဲကသူသိပေမယ့်လည်းအခုလိုမကောင်းတဲ့အကျင့်ဆိုးနဲ့ဆိုးမိုက်မှုတွေအကြောင်းသူများတွေပြောပြလာလို့ပြန်ကြားရတဲ့အခါမျိုးတွေဆိုသူ့စိတ်ထဲဒါဟာအမှန်တရားတခုဆိုတာသိပေမယ့်လည်းလက်မခံပေးချင်....Jeon ဟာဘယ်လောက်ဆိုးသွမ်းမိုက်ရိုင်းနေတဲ့သူဖြစ်နေပါစေသူ့ရှေ့မှာဟန်ဆောင်ပြီးနေတဲ့ကြင်နာချစ်ပြတတ်သောလူတယောက်အဖြစ်သာသူ့ဦးနှောက်မှတ်ဥာဏ်တွေထဲမှတ်သားထားချင်မိခဲ့သည်။
မကောင်းဘူးဆိုတာသိနေပေမယ့်လည်းမျက်လုံးမှိတ်ကာဒီလူသားအပေါ်အကောင်းမြင်စိတ်တွေနဲ့ကြည့်ပေးချင်မိတဲ့သူ့နှလုံးသားကလည်းမမြင်နိုင်တဲ့သူ့မျက်လုံးတွေလိုပင်ဝေဖန်ပိုင်းခြားနိုင်စွမ်းတို့အားနည်းလာခဲ့ပြီထင်သည်။