"စားတာနည်းလိုက်တာ....
ဘာလို့လဲ...အစားအသောက်တွေ
မကြိုက်လို့လား..Jimin...
စိတ်ထဲမှာစားချင်တာ
ရှိရင်ပြောလေ..အဒေါ်ကြီးကို
တခုခုစီစဥ်ခိုင်းလိုက်မယ်"Taehyungမှာထမင်းကိုတို့ကာဆိတ်ကာစိတ်မပါသလိုစားနေသောဖြူဖတ်ဖြူရော်ခန္ဓာကိုယ်လေးကိုကြည့်ကာအားမလိုအားမရလေသံဖြင့်မေးလိုက်သည်။ဒီလိုအစားအသောက်မဝင်ပုံမျိုးနဲ့ဆိုခန္ဓာကိုယ်ကတနေ့တခြားပိန်ကျလာပြီးအားနည်းလာရင်ရောဂါကုသဖို့အဆင်ပြေနိုင်ပါ့မလား....စိတ်ပူမိသည်။
"သိပ်မဆာလို့ပါ...ခြံထဲဆင်းပြီး
လမ်းလျှောက်လိုက်အုံးမယ်""အတူတူလိုက်ခဲ့ပေးမယ်လေ"
"ရတယ်...ယောင်း..
ငါတစ်ယောက်ထဲနေချင်လို့ပါ
ပြန်ရောက်ထဲက
မင်းလည်းအေးအေးဆေးဆေး
မနားရသေးဘူးမလား....""ငါ့အတွက်စိတ်မပူနဲ့...ရတယ်"
"ငါ့အတွက်လည်းစိတ်မပူပါနဲ့...
မင်းသူငယ်ချင်းကထင်ထားတာထက်
အများကြီးပိုသန်မာတယ်ဆိုတာသိတယ်မလား""အားနည်းနေသေးတော့ချော်လဲမှာစိုးလို့"
Jiminမှာခပ်ယဲ့ယဲ့လေးပြုံးပြကာလက်ကာပြလျက်နေခဲ့ခိုင်းတာမို့သူ့မှာစိတ်ပူမိသော်လည်းလိုက်မသွားဖြစ်တော့ဘဲ့အိမ်မကြီးရဲ့တံခါးပေါက်ဝမှာရပ်ကျန်နေခဲ့လိုက်သည်။
စိတ်ပူနေလို့သာလိုက်သွားချင်မိတာပါ
..တကယ်တော့အိမ်ခြံဝန်းထဲဆင်းလိုက်တာနဲ့တာဝန်ကိုယ်စီနဲ့အလုပ်ရှုပ်နေတဲ့ဝန်ထမ်းတွေက
အများကြီး...Jiminခေါ်ပြီးခိုင်းစရာတောင်မလို
အလိုက်တသိလာလုပ်ပေးချင်ကြလွန်းလို့...." တီ..တီ.တီ.."
"ဟယ်လို...."
"......."