"ကိုယ်တို့နှစ်ယောက်ပတ်သတ်မှုကို
ပြောပြမထားဘူးလား....babe.. "Jeonသည်သူ့ပခုံးတွေကိုဖက်ကာပြောလိုက်တဲ့စကားကသိပ်ကိုပိုင်နိုင်လွန်းသည်။။မသိရင်ကိုယ်နဲ့သူကတယောက်နဲ့တယောက်ဖွင့်ပြောထားပြီးတဲ့ချစ်သူရည်းစားတွေလို....နှစ်ယောက်စလုံးရဲ့နှလုံးသားထဲကချစ်နေခဲ့ကြတယ်ဆိုပေမယ့်လည်းကိုယ်ကိုယ်တိုင်တောင်ဘာမှန်းမသိသေးတဲ့နှစ်ဦးသားဆက်ဆံရေးမှာJeonဘက်ကအခုလိုအဆင့်ကျော်ပြီးပြောတဲ့စကားမျိုးကိုတော့သူလက်သင့်မခံချင်။Jeonအမြင်မှာသူ့ကိုအရမ်းပေါပြီးလွယ်လွယ်ရတဲ့လူတယောက်လိုထင်မြင်သွားမှာလည်းမလိုချင်......
ပြီးတော့ကိုယ့်ကိုအရမ်းချစ်တဲ့သူငယ်ချင်းဖြစ်သူအရှေ့မှာဒီလိုအနေအထားမျိုးကြီးကိုလည်းမမြင်တွေ့စေချင်တာလည်းပါသည်။
ကိုယ့်ဘက်ကဒီသူငယ်ချင်းလေးကို
ပြန်မချစ်နိုင်ပေမယ့်သူခံစားသွားစေမည့်အပြုအမူမျိုးကိုတော့ယောင်းအရှေ့မှာ
မလုပ်မိအောင်တော့ဆင်ခြင်ရလေမည်။
ထို့ကြောင့်ပခုံးထက်ကJeonရဲ့လက်တွေကိုဆွဲဖယ်ချလိုက်ပြီးယောင်းလေးဘက်လှည့်ကာ. မိတ်ဆက်ပေးလိုက်သည်။"ယောင်းလေး.....ဒါ Namjoon Hyungရဲ့
ညီ....Jeon..... !! ""Jungkook... Jeon Jungkook"
Jeonတလုံးထဲသာသိပြီးနာမည်အပြည့်အစုံကိုတခါမှမမေးကြည့်ခဲ့မိသောကြောင့်မိတ်ဆက်ပေးလာတဲ့အခါသူ့မှာJeon တလုံးသာပြောနိုင်ပြီးအနောက်ကနာမည်ကိုဆက်ပြောဖို့ရာအခက်တွေ့နေချိန်..,Jeonကကြားဝင်ပြောလိုက်သည်။
Minလေးနှုတ်ခမ်းကထွက်ကျလာသောနာမည်တခုကသူ့ရင်ကိုဘာကြောင့်များနာကျင်ခံခက်စေရသလဲ.....Minလေးအိပ်မက်တွေထဲထိစိုးမိုးထားနိုင်လွန်းတဲ့Jeonဆိုတဲ့ထိုလူဟာမမြင်တွေ့ခင်တုန်းကတော့သိပ်ကိုတည်ကြည်ခန့်ညားပြီးအထက်တန်းကျကျနေထိုင်တတ်သူတယောက်ဖြစ်လိမ့်မည်ဟုထင်ခဲ့ပြီးမနာလိုစိတ်နဲ့အားကျမိတဲ့စိတ်လေးတချို့သူ့ရင်ထဲကိန်းအောင်းခဲ့ဖူးသည်။
Minလေးစိတ်တွေလုံးဝတိမ်းညွှတ်သွားစေခဲ့သောJeonဆိုတဲ့သူဟာအရာရာသူ့ထက်သာနေခဲ့မှာသေချာလိမ့်မည်ဟုတွေးထားခဲ့ဖူးသောသူ့အတွေးတို့သည်အခုတော့တလွဲစီသာ.....