Taehyungသည်စျေးဝယ်ခြင်းထဲ
ကောက်ထည့်ထားသော
အအေးဗူးနှင့်စားစရာတချို့အား
ငုံ့ကြည့်ရင်းကိုယ့်ဘာသာကိုယ်
သဘောကျစွာပြုံးလိုက်မိသည်။
ကြည့်ပါလားစိတ်ဆိုးပြီးမခေါ်တာတောင်မသိစိတ်ကတော့jimin
အကြိုက်တွေချည်းရွေးဝယ်နေမိတာမျိုး.....
ဘယ်လောက်ဘဲ့စကားများ
ရန်ဖြစ်နေပါစေဂရုစိုက်မှုနဲ့
အမြဲတမ်းဦးစားပေးလိုက်လျောမှုတွေကကိုယ်,ကိုယ်တိုင်တောင်မသိလိုက်ပါဘဲ့
လုပ်ပေးလိုက်မိတာမျိုး...
တခါတလေjiminစိတ်ကြိုက်တေွချည်းဦးစားပေးလွန်းလို့
ကိုယ့်အကြိုက်တွေကိုပင်
မေ့လာကာတယောက်ယောက်ကများTaehyungဘာကြိုက်တတ်သလဲ
မေးရင်တောင်အမြဲရွေးချယ်နေကျjiminအကြိုက်တွေကို
ယောင်မှားပြီးပြောမိသည်အထိ
သူ့အပေါ်စိုးမိုးထားနိုင်လွန်းသည်။သို့သော်အဆိုးလေးကတော့
ဒါတွေကိုမသိသလိုလုပ်ကာ
တခါတလေဂရုမစိုက်ပေးလို့ဟုဆိုကာTaehyungကိုပြဿနာရှာ
ရန်.တွေ့တတ်သေးတယ်။
သူ့မှာတော့တနေ့jiminမျက်လုံးတွေ
ပြန်မြင်လာမယ့်ရက်ကို
အိပ်မက်တွေမက်ရင်းအမှတ်တရပေါင်း
များစွာဖန်တီးလိုက်ရတာ.....ဒါတွေကို
နားမလည်ဘဲ့ရန်တွေ့အနိုင်ယူချင်သူလေး
ကလည်းသပ်သပ်ရှိတာမို့
စိတ်ထိခိုက်စေတဲ့စကားများ
ပြောကာတိုက်ခိုက်လာရင်
ခံစားချက်တွေကမြိုသိပ်မထားနိုင်တဲ့အထိ
ဖြစ်ရသည်။အနိုင်လိုချင်စိတ်ဖြင့်
ပြောတာမှန်းသိပေမယ့်လည်း
jiminနှင့်ပတ်သတ်လာရင်
ထိလွယ်ရှလွယ်သောသူ့နှလုံးသားက
ခပ်ယဲ့ယဲ့သာ..