Extra-1

4.8K 375 26
                                    

"Babe.. Babe... "

"အင်း .... "

"ထတော့ ....ကိုယ်မနက်စာပြင်ထားပြီးနေပြီ"

"ဘယ်လိုပြောလိုက်တယ် ...
မနက်စာပြင်ထားတယ် .. ဟုတ်လား .. Jeon"

စောစောကအိပ်မှုန်စုတ်ဖွားဖြစ်နေသောမျက်နှာကနေအလန့်တကြားဖြစ်သွားသောမျက်နှာဖြင့် Jiminသည်သူ့အားငုံ့မိုးကြည့်နေသူအားမေးလိုက်သည်။Jeonသည်ပြုံး၍ခေါင်းညိတ်ပြလိုက်ပြီး Jiminခန္ဓာကိုယ်အားဆွဲထူကာထစေလိုက်သည်။သူ့တကိုယ်လုံးကိုပြူးပြဲကြည့်လျက် အလွန်အမင်းစိတ်ပူနေပုံရသော Jiminရဲ့မျက်နှာလေးအားအနီးကပ်ဆွဲယူလျက်ရွှတ်ကနဲမြည်အောင်နမ်းပစ်လိုက်ပြီး....

"ဒါပေါ့...အချစ်ကလေးပင်ပန်းမှာစိုးလို့
ကိုယ်အစောကြီးထပြီး
မနက်စာပြင်ထားတာ ....
မြန်မြန်ထကြည့်ပါဦး ..... "

"ဘယ်သူကလုပ်ခိုင်းလို့လဲ ...

"ဘယ်သူမှမလုပ်ခိုင်းဘူး ...
ကိုယ့်ဘာသာလုပ်ပေးချင်လို့
ဘာလဲ .... မလုပ်ရဘူးလား .... "

"အဲလို...မဟုတ်ဘူး ...Jeonရာ
မင်းအတွက်စိတ်ပူသွားလို့ပါ
ခြေထောက်တွေကပြန်ကောင်းသေးတာ
မဟုတ်ဘူး...တော်ကြာ...
တခုခုဖြစ်သွားလို့
ထိမိခိုက်မိသွားရင်ဘယ်လိုလုပ်မလဲ .....
လိမ္မာပါတယ် ... Jeon..ရယ် ...
နောက်ဆိုအဲ့လိုတွေမလုပ်နဲ့ နော်...
Hyungဘာသာလုပ်ပါ့မယ် ..... "

"ကိုယ့်ချစ်သူကိုကူညီပေးချင်လို့လေ ....
မစ္စမာရီနေမကောင်းတော့
အိမ်ရဲ့ဝေယျာဝစ္စတွေအကုန်လုံး
တစ်ယောက်ထဲလုပ်နေရတာ
ကိုယ်ဘယ်ကြည့်ရက်ပါ့မလဲ ....
ဒီကြားထဲကိုယ့်ကိုပြုစုရသေးတယ်
မဟုတ်လား ... ကိုယ်ချစ်သူလေးပင်ပန်းနေတာမြင်တော့ကိုယ်လည်းဝိုင်းကူပေးချင်တာပေါ့ ... "

"ဒါတော့ .... ဒါပေါ့ Jeonရယ် ....
မင်းခြေထောက်ကပုံမှန်
ပြန်မဖြစ်သေးဘူးလေ .....
မီးဖိုချောင်ဝင်ပြီး
ချက်ပြုတ်ကြော်လှော်ဖို့အထိတော့
မလုပ်ပါနဲ့ဦး ....
ဓါးတွေဘာတွေနဲ့အန္တရာယ်များလို့ပါ ....
ကူညီချင်ရင်တခြားအလုပ်တွေဘဲ့
ကူလုပ်ပေးနော် ....
ဥပမာပန်းပင်ရေလောင်းတာတို့ ..
အိပ်ရာသိမ်းပေးတာတို့လောက်ဘဲ့
လုပ်ပေးရင်ကိုရပြီနော် .... "

Professional gangsterWhere stories live. Discover now