ဒေါက်တာMin Yoongi သည်ဖုန်းပြောနေရင်းမှအရှိန်ပြင်းပြင်းကားစက်သံတခုကြောင့်ဖုန်းချလိုက်ပြီးအခန်းအပြင်ဘက်သို့ထွက်လာကြည့်မိသည်။
လူနာရောလူနာအစောင့်တွေပါမရှိတော့ဘဲ့ထွက်သွားကြသည်မို့Min Yoongiသည်ဖြူဖျော့ဖျော့မျက်နှာလှလှလေးအားမြင်ယောင်ပြီးလူနာအတွက်အရမ်းစိတ်ပူသွားတော့သည်။စိတ်ပူမှုနှင့်အတူသံသယဝင်လာမိသည်။လူနာကိုခေါ်လာတဲ့ကောင်တွေရိုးမှရိုးရဲ့လား.....ထိုစဥ်စောစောကချလိုက်သောဖုန်းသည်တဖက်ကပြန်ခေါ်လာသည်မို့အတွေးစတို့ပြတ်ကာစကားဆက်ပြောနေလိုက်သည်။"Yoongi.. စောစောက
ဘာဖြစ်တာလဲ....
ရုတ်တရက်မင်းကဖုန်းချတော့
ငါစိတ်ပူသွားတာ""Hyung... ကတော့လုပ်ပြီ
နေရာတကာစုံထောက်မျက်စိနဲ့
ကြည့်ပြီးမသင်္ကာဖြစ်နေပြန်ပြီ""မင်းမသိပါဘူး..Yoongiရာ
အခုတလောပြန်ပေးဆွဲလူသတ်တဲ့
အမှုတွေကအရမ်းဖြစ်နေတာကွ""ဟုတ်လား...ဒါပေမယ့်
စိတ်မပူနဲ့Hyungမနက်ကျရင်
ကျနော်New Yorkကိုပြောင်းရမယ်
လအနဲငယ်လောက်စာတမ်းပြုစုပြီးရင်
ကိုရီးယားကိုပြန်တော့မှာ"
Jin Hyungနဲ့Min Yoongiတို့မှာအမေချင်းညီနှမအရင်းတွေမို့သူတို့နှစ်ယောက်မှာတဝမ်းကွဲညီအစ်ကိုတွေဆိုပေမယ့်တဦးတည်းသောသားတွေမို့တယောက်နဲ့တယောက်အရမ်းချစ်ကြသည်။Jin Hyungကစာအရမ်းတော်ပြီးဥာဏ်ကောင်းပေမယ့်ဆရာဝန်လုပ်ဖို့ဝါသနာမပါပေ။
မှုခင်းစုံစမ်းရေးအဖွဲ့အစည်းတွေကိုငယ်ကတဲကစိတ်ဝင်တစားရှိသူမို့အခုတော့သူဝါသနာပါရာရွေးချယ်ခဲ့သည်။လျို့ဝှက်စုံစမ်းစစ်ဆေးရေးအဖွဲ့မှအထူးအေ့ဂျင့်တယောက်မို့ပေါ်ပေါ်ထင်ထင်နေတိုင်းရဲစခန်းတွေသွားနေစရာမလို...
ပြည်သူတွေထဲရောပြီးနေထိုင်ရတဲ့Hyung ဟာNew Yorkတွင်အရမ်းromanticဆန်တဲ့coffeeဆိုင်လေးတဆိုင်အားစာကြည့်တိုက်အသေးစားလေးနဲ့တွဲဖက်ဖွင့်ထားသည်။