ကျယ်လောင်စွာထမြည်နေသောနိုးစက်အသံကြောင့်စိတ်တွေကမကြည်လင်တော့.....အိပ်ချင်နေသေးတာကိုဘယ်သူကများဒီနိုးစက်ကိုငါ့အခန်းထဲလာထည့်ထားရသလဲ.....စိတ်ကတိုလာတော့ထပ်အိပ်နေလို့မရတော့ဘဲ့မျက်လုံးတွေကိုအားယူဖွင့်ကြည့်လိုက်ချိန်မြင်လိုက်ရတဲ့အခန်းအပြင်အဆင်တို့ကြောင့်ဦးနှောက်ကိုချက်ချင်းအလုပ်ပေးလိုက်ကာမနေ့ညကဘာတွေဖြစ်ခဲ့သလဲပြန်စဥ်းစားကြည့်ပေမဲ့တခုမှသတိမရ.....
"ညက...ငါတော်တော်မူးသွားတာဘဲ့"
"ဒါ....Hobi Hyungအိမ်မဟုတ်လား
ငါကဘာလို့သူ့အခန်းထဲ
ရောက်နေရတာလဲ""ပြန်စဥ်းစားစမ်းKim Tae
ညကဘာတွေဖြစ်ခဲ့လဲ"အိပ်ရာထက်ကစောင်ပုံထဲထိုင်ရင်းနားထင်နှစ်ဖက်ကိုလက်ဖြင့်ထောက်ကာအသဲအသန်စဥ်းစားနေသောသူ.....
"နိုးပြီလား.....ဒီနေ့
ဘူဆန်ကိုသွားရမှာနော်
မြန်မြန်ပြင်ဆင်ပြီးထွက်လာခဲ့
Jiminဖုန်းဆက်တာသုံးကြိမ်ရှိပြီ
မင်းအိပ်ရေးပျက်မှာစိုးလို့မနိုးတာ""ဟာ....ဘာလို့စောစောကမပြောတာလဲ
Jimin စိတ်ဆိုးသွားတော့မာဘဲ့....."Jiminအသံကြားမှစောင်ပုံထဲကပြေးထွက်ကာရေချိုးခန်းအတွင်းအပြေးအလွှားဝင်သွားတဲ့Taeဟာအရင်တုန်းကအတိုင်းဘာတခုမှပြောင်းလဲမသွား......ကလေးဘဝထဲကနေအခုချိန်ထိသူ့အတွေးထဲJiminအကြောင်းများသာအစဥ် အမြဲစိုးမိုးနေခဲ့ကြတာ.....
Jung Hoseokဆိုတဲ့သူ့အကြောင်းကိုတော့တွေးတောဖို့၁မိနစ်လောက်တောင်အချိန်မပေးနိုင်ခဲ့သောKim Taehyungပါလေ။သူနဲ့ပတ်သတ်သောအရာမှန်သမျှအလေးမထားတတ်ခဲ့တာအခုမှမဟုတ်ဘဲ့....ကလေးဘဝငယ်
စဥ်ကထဲကသူကTaeရဲ့အနိုင်ခံ,ဗိုလ်ကျခံရသူတယောက်အဖြစ်ရှိခဲ့တာမဟုတ်လား..... Jiminနဲ့ရန်ဖြစ်တဲ့အချိန်မျိုးတွေမှာသာTaeဟာသူ့ကိုအသဲအသန်လိုအပ်ခဲ့တာကျန်တဲ့အချိန်တွေကတော့အနားရှိနေရင်တောင်စကားပြောချင်မှပြောသည်။အခုလည်းမနေ့ညကကိစ္စကိုမေ့ပြီးသူ့ကိုလည်းဘာတခွန်းမှမဟသည်မို့Taeမမေးသရွေ့သူလည်းမသိချင်ဟန်ဆောင်နေလိုက်အုံးမည်။အမှန်တော့သူလည်းနဲနဲရှက်မိတာကြောင့်မနက်နိုးလာထဲကဆုတောင်းနေမိတာTaeတစ်ယောက်ညကကိစ္စကိုမမှတ်မိပါစေနဲ့လို့....ကံတရားကသူ့ဘက်မှာရှိတယ်လို့ပြောရမလိုပင်Taeအမူအရာကအခုထိတော့မမှတ်မိသေးတဲ့ပုံစံမို့နဲနဲတော့စိတ်အေးရလေသည်။