မက္ကစီကိုမှာကတဲကအဆင်မပြေခဲ့သောJoonသည်U.S ရောက်တဲ့ထိကိုအဆင်ကမပြေအရေးကြီးလို့တိုင်ပင်မယ်ဆိုညီဖြစ်သူဖုန်းကခေါ်၍မရအမြဲဆက်သွယ်မှုဧရိယာအပြင်ဘက်မှာကြီးဘဲ.့....Jeonသည်ခေါင်းဆောင်နေရာယူထားပေမယ့်ငယ်ရွယ်သူမို့တခါတလေစိတ်လွတ်ကိုယ်လွတ်ပျော်ပါးနေတတ်သေးတာမို့အစ်ကိုဖြစ်တဲ့သူပင်ဆက်သွယ်လို့မရ...ဘယ်တွေသွားပြီးဘာတွေလုပ်နေလဲမသိအောင်တခါတခါ၁ရက်၂ရက်လောက်ပျောက်နေတတ်သည်။....အဲ့လိုအခါမျိုးတွေဆိုjayကိုဖုန်းလှမ်းဆက်ပြီးမေးရတယ်..မင်းတို့ဘယ်ရောက်နေပြီလဲဟု.....အခုတော့ဖုန်းဆက်မေးရအောင်လည်းJayကသူ့အနားမှာမို့အခက်တွေ့နေလေသည်။
"Jay...New Yorkက
JKတပည့်တွေဆီ
ဖုန်းဆက်မေးကြည့်ကွာ""ဟုတ်ကဲ့..Boss"
Joonသည်JayအားJKကိုဆက်သွယ်ရန်
တာဝန်ပေးလိုက်ပြီးရေချိုးခန်းထဲ
ဝင်သွားလေသည်။မကြည်မလင်
ဖြစ်နေခဲ့သောစိတ်ကိုအနဲငယ်
လန်းဆန်းလာအောင်လုပ်မှဖြစ်မည်ဟု
တွေးမိတော့New Yorkရဲ့နာမည်ကြီးတဲ့
စာကြည့်တိုက်များကမျက်လုံးထဲ
မြင်ယောင်လာသည်။စာအုပ်တွေသည်
သူ့ဘဝအတွက်မရှိမဖြစ်လိုအပ်ချက်တွေ
ဆိုလည်းမမှားပေ....ကော်ဖီတခွက်နှင့်
စာအုပ်တအုပ်ဖတ်နေမိချိန်များဆို
တလောကလုံးမေ့ပစ်ကာအတွေးကမ္ဘာထဲ
တယောက်ထဲအေးချမ်းသွားသလို
fellingမျိုးမို့သူအရမ်းကြိုက်သည်။
Jeonသည်တခါတလေစာဖတ်ခန်းထဲက
စာအုပ်တွေကိုကြည့်ရင်းသူ့ကို
လှောင်ရယ်တတ်သေးသည်။
လက်ရှိအလုပ်နဲ့သူ့အကြိုက်
စာအုပ်တွေကဘယ်လိုမှမအပ်စပ်ဘူး
ရယ်လို့Jeonတွေးမိကောင်းတွေးမိလိမ့်မည်။သို့သော်စိတ်ကူးစိတ်သန်းအကြံဥာဏ်ကောင်းများစွာသည်ဒီစာအုပ်တွေဖတ်ရင်းနဲ့ဖြစ်ပေါ်လာခဲ့တာချည်းဘဲ့မို့Jeonဘာပြောပြောဂရုစိုက်မနေတော့...ညဘက်ဆိုစာဖတ်ချိန်အမြဲထားသောJoonသည်ညီဖြစ်သူလိုတော့night clubတွေသွားပြီးမပျော်ပါးတတ်ပေ။
Jeonကတော့လူငယ်ပီပီအကုန်လုပ်သည်။ကားပြိုင်ပွဲလည်းပါ....ဆိုင်ကယ်ပြိုင်ပွဲလည်းပါ...စိတ်ရူးပေါက်လာတိုင်းဝယ်ထားတဲ့ဆိုင်ကယ်နဲ့ကားတွေကJeonရှာထားသမျှငွေတွေဘယ်ရောက်ကုန်သလဲမေးစရာမလိုအောင်ဂိုဒေါင်ထဲမှာ
မိန့်မိန့်ကြီးနေရာယူထားကြတယ်လေ။လက်ရှိအချိန်စိတ်ပျော်ရွှင်မှုကိုသာဦးစားပေးတတ်သူမို့
Jeonတွင်အနာဂတ်ရည်မှန်းချက်ဆိုတာမျိုးတွေလုံးဝမရှိပေ။Joonသာမရှိရင်ကြိုးပြတ်တဲ့စွန်လိုအထိန်းအကွပ်မဲ့စွာလွင့်ချင်တိုင်းလွင့်နေအုံးမယ့်Jeonဘဝကမတွေးရဲစရာ...
ညီအစ်ကိုအရင်းမဟုတ်ကြပေမယ့်
Jeon Jungkookဆိုတဲ့ကောင်လေးအပေါ်
သူအရမ်းသံယောဇဥ်ရှိပါသည်
မက္ကစီကို,ကိုမွေးစားခံရပြီးရောက်လာကတဲက
သူနဲ့Jeonသည်အမြဲကျောချင်းကပ်ကာ
သတိကြီးစွာကြီးပြင်းလာခဲ့ရသည်မို့
ဆိုးတူကောင်းဘက်ဘော်ဒါတွေဆိုလည်း
မမှားပေ။မိဘမဲ့ကျောင်းကမွေးစားဖို့
ခေါ်လာတုန်းကတော့အမွေစားအမွေခံအဖြစ်
မွေးပါ့မယ်ဆိုပြီးကျောင်းအုပ်ကြီးရှေ့မှာ
စာချုပ်စာတမ်းတွေလက်မှတ်ထိုးပြီး
တကျောင်းလုံးအားကျခဲ့ရတဲ့သူတို့နှစ်ယောက်ဘဝကမက္ကစီကိုရောက်တော့အရွယ်နဲ့မမျှအောင်ခံစားခဲ့ရတဲ့ဒုက္ခတွေကိုသာမြင်ကြရင်ဘယ်သူမှအားကျကြတော့မှာမဟုတ်။