"
"Park Jiminရဲ့အိမ်ဟုတ်ပါသလားရှင်"
ခြံတံခါးရှေ့၌အမျိုးသမီးတဦးရပ်ကာသူ့နာမည်ကိုမေးနေတာကြောင့်စိတ်ပြေလက်ပျောက်ခြံထဲဆင်းလမ်းလျှောက်ရင်းPetunia ပန်းပင်လေးတွေအနားရပ်နေခဲ့သောသူ့မှာအသံကြားရာဆီသို့လှည့်၍ခြံစောင့်ဦးလေးကြီးကိုလှမ်းမေးလိုက်သည်။
"ဦးလေးကြီး...ဘယ်သူလဲ"ခြံစောင့်ဦးလေးကြီးမှာအပြေးရောက်လာပြီးသူ့လက်ထဲသို့တစုံတခုကိုလာထည့်ပေးသည်။သူ့လက်ထဲရောက်လာသောအရာဟာပန်းစည်းတခုဖြစ်နေတာကြောင့်ဘယ်သူကများPark Jiminဆိုတဲ့သူ့နာမည်ကိုပြောပြီးပို့ခိုင်းခဲ့သလဲ...
"Candy Florist ကပါတဲ့သခင်လေး...
ပန်းစည်းလေးလက်ခံရရှိကြောင်းဒီနေရာမှာ
လက်မှတ်လေးထိုးပေးပါအုံးတဲ့..."