ကျနော့ကိုခွင့်လွှတ်ပါ...JK
Bossကိုမလွန်ဆန်နိုင်တဲ့လူမို့
JKကိုဘာမှမကူညီနိုင်ခဲ့ဘူး
Mr. Parkအတွက်
စိတ်မကောင်းဖြစ်မိပေမယ့်
JKဘေးကင်းဖို့အတွက်
ဒီလမ်းကိုရွေးချယ်မှဖြစ်တော့မှာမို့
Bossနဲ့ကျနော့်စေတနာတွေကို
JKနားလည်ပေးနိုင်ပါစေ..."Jayကအနဲငယ်ပေါက်သွားသောJeon ရဲ့
ဦးခေါင်းကဒဏ်ရာကိုဆေးထည့်ပေးနေရင်း
စိတ်မကောင်းစွာရေရွတ်နေမိသည်။Joonကတော့ဝီစကီတခွက်ကိုင်လျက်
ဧည့်ခန်းမှာထိုင်ကာအကောက်ကြံစည်တဲ့
သူတွေဟာဘယ်သူတွေဖြစ်နိုင်သလဲစဥ်းစားနေသည်။အိမ်ထဲကိုJayပြန်ဝင်လာတော့
Joonကတချက်လှမ်းကြည့်လိုက်သည်။"သွေးတိတ်သွားပြီလား"
"တိတ်သွားပါပြီBoss....
ဆေးထည့်ပြီးပတ်တီးစည်းပေးထားတယ််""ငါ့ကိုမင်းဘယ်လိုမြင်လဲJay...
အရမ်းရက်စက်တဲ့သူလို့မြင်လား"Jayကသူ့မျက်ဝန်းတွေထဲထိစိုက်ကြည့်၍
"Boss...ကခံစားချက်တွေကို
အတော်လေးမြိုသိပ်ထားနိုင်တဲ့
လူတစ်ယောက်လို့ကျနော်မြင်တယ်""Why? "
Joon ကပခုံးတချက်တွန့်လျက်ထိုင်နေရာကမော့ကြည့်လာသည်။
"Boss ရဲ့မျက်ဝန်းတွေထဲမှာ
ဆွေးရိပ်တွေကိုကျနော်မြင်နေရပေမယ့်
Bossပုံစံကအရမ်းတည်ငြိမ်နေတယ်
JKလိုချစ်ရသူအတွက်
စိုးရိမ်ပူပန်နေတာမျိုးမရှိဘူး"ဝီစကီခွက်ကိုအနဲငယ်လှုပ်ရင်းJoonက
ခပ်ယဲ့ယဲ့လေးပြုံးလိုက်သည်။"ငါ့ချစ်သူကိုငါမချစ်ဘူးလို့
မင်းကပြောချင်တာလားJay... ""Bossကချစ်ပါတယ်
JKလောက်တော့မဟုတ်ဘူး...
JKကMr. Parkကိုသူ့ဘဝထက်
သူ့အသက်ထက်အဆပေါင်းများစွာ
ပိုပြီးချစ်ခဲ့တာ"" Jeon ကရွေးချယ်စရာတွေ
ဖြစ်လာရင်တောင်
Park Jiminကိုဘဲ့
အကြိမ်ကြိမ်အခါခါရွေးချယ်မယ့်လူစားမျိုး.....
ဘာလို့လဲမင်းသိလား....Jay...
Park Jiminကသူ့ဘဝရှင်သန်
နေရခြင်းရဲ့အကြောင်းပြချက်တခု
ဖြစ်နေခဲ့လို့ဘဲ့...."