episode -37

4.1K 506 40
                                    

တညလုံးလည်းကောင်းကောင်းမအိပ်ခဲ့ရတာ
ကြောင့်မနက်လင်းတော့ဦးခေါင်းတခုလုံးတဆစ်ဆစ်နဲ့ကိုက်လာပြီးစိတ်ကကြည်ကြည်လင်လင်
မရှိတော့.....

မနက်စောစောလမ်းလျှောက်ထွက်ကြဖို့
hobi hyungလာနိုးတာလည်းမကြားချင်ဟန်ဆောင်ကာဆက်အိပ်နေလိုက်သည်။
မနေ့ကဂေဟာကပြန်ရောက်ထဲကစိတ်တွေသည်တခုခုကိုအလိုမကျသလိုဘာလုပ်လုပ်တက်ကြွမှုမရှိလေးလံထိုင်းမှိုင်းနေခဲ့တာအခုထိ....

သူ့စိတ်တွေကိုအခုလိုပင်ပန်းနွမ်းနယ်အောင်
နှိပ်စက်နေတဲ့တရားခံဟာဘယ်သူလဲဆိုတာ
မေးနေစရာပင်မလိုအဖြေကရှင်းရှင်းလေး.....Jeon..ကလွဲရင်တခြားသူရှိအုံးမလား....

မနက်ဖြန်ဘဲ့ဆိုးလ်ကိုပြန်ရတော့မယ်...
အခုထိဘယ်မှာအလေလိုက်လို့
ကောင်းနေလဲမသိ...Jeonဟာလေ
သူ့အပေါ်ဘယ်တော့မှလေးစားမှုမရှိဘူး.....
ချစ်တယ်လို့ပါးစပ်ကတဖွဖွပြောပြီး
စိုးရိမ်ပူပန်ရအောင်ကျတော့အမြဲတမ်းလုပ်သည်။ကတိပေးပြီးရင်လည်းဘယ်တော့မှ
ကတိမတည်...အမြဲတမ်းပေါ့ပျက်ပျက်
နဲ့သာလူကိုစိတ်ပျက်လာအောင်တမင်တကာ
များလုပ်နေသလားလို့တောင်သံသယ
ဝင်မိသည်။

မနေ့ညကပြန်မလာတဲ့အပြင်အခုမနက်
ရောက်တဲ့အထိပေါ်မလာဘဲ့ပျောက်ချက်သားကောင်းနေသောJeonကြောင့်သူ့မှာ
စိတ်တိုရလွန်းလို့ထုရိုက်ပစ်ချင်မိသော
စိတ်ကိုတော်တော်ထိန်းချုပ်ထားရလေသည်။ဘယ်နေရာမှာဘယ်သူတွေနဲ့သွားအိပ်နေမလဲတွေးပြီးပူပန်ရတဲ့သူ့ဒုက္ခကလည်းအအိပ်ပျက်အစားပျက်ဖြင့်တော်တော်စိတ်ဆင်းရဲရလေသည်။လူဆိုးလူမိုက်ကိုမှရွေးကြိုက်မိသော
သူ့နှလုံးသားသည်လည်းJeonနဲ့တွေ့တဲ့
နေ့ကစလို့တရက်မှအေးအေးချမ်းချမ်း
မနေရတော့.....နေရာတကာစိတ်မချဖြစ်ကာ
အမြဲပူပင်သောကတွေပင်လယ်ဝေနေခဲ့ရသည်။

ချစ်သူလူဆိုးရဲ့မကောင်းတဲ့အကျင့်တွေ
လူသိသွားမည်လည်းစိုး၍ခံစား
ရတာတွေကိုလည်းဘယ်သူ့မှသွားပြောပြပြီး
ရင်မဖွင့်ရဲသောသူ့အဖြစ်ကတစ်ယောက်ထဲ
သာကြိတ်မှိတ်မြိုသိပ်ရင်းအခန်းထဲကအိပ်ရာထက်တညလုံးထိုင်ပြီးမိုးလင်းခဲ့ရတာကများသည်။

Professional gangsterWhere stories live. Discover now