ခဏလေးဖုန်းသွားပြောမယ်ဆိုပြီးထွက်သွားတဲ့Jeonမှာတော်တော်နဲ့ပြန်ရောက်မလာသောအခါJiminသည်စိုးရိမ်စပြုလာတော့သည်။
တမင်တကာလိမ်ညာပြီးများထားခဲ့လေသလား....Jeonဆိုတဲ့လူဟာနဲနဲလေးတောင်
ယုံစားလို့မရပါတခြားသူကိုဆိုဒီလိုအတွေးမျိုး
တွေးမိမှာမဟုတ်ပေမယ့်Jeonကိုတော့
တစက်လေးမှအယုံကြည်မရှိပါ....ဒီနေရာကိုခေါ်လာခဲ့တာလည်းအကြောင်းမဲ့သက်သက်ခေါ်လာတာမှမဟုတ်ဘဲ့သူ့ကို
ပညာပြချင်လို့တမင်ခေါ်လာခဲ့တာမလား....
ထားခဲ့တဲ့နေရာမှာမလှုပ်မယှက်ရပ်နေတာ
ကြာလာသောအခါလူရှုပ်ရှုပ်ဆူညံလွန်းသောပတ်ဝန်းကျင်ဟာသူ့ကိုစိတ်အနှောင့်အယှက်ဖြစ်လာစေတော့သည်။လူစည်ကားတဲ့နေရာတွေမှာ
ကြာကြာနေရင်အသက်ရှုမဝတော့သလို...
ချွေးစေးတွေကျလာပြီးရင်ထဲမွန်းကြပ်လာသလိုအမြဲဖြစ်တတ်လွန်းလို့ဟိုးအရင်ထဲကလည်း
ယောင်းလေးနဲ့အပြင်အလည်သွားတာတွေ,shoppingထွက်တဲ့အခါမျိုးတွေဆို
ဘယ်တော့မှတနေရာထဲကြာကြာမနေခဲ့ဘူး.........
ယောင်းကလည်းသူ့မှာအဲ့လိုဖြစ်တတ်မှန်း
သိလို့ကိုအတူတူshoppingထွက်တိုင်း
တွေ့ရာကောက်ဆွဲထည့်ကာအပြေးအလွှား
ဝယ်လေ့ရှိသည်။အခုတော့ကိုယ့်အကြောင်း
ဘာမှမသိတဲ့သူကြောင့်
အဆင်မပြေတာတွေတခုပြီးတခု
ဆက်တိုက်ကြုံနေရသည်။"Hello"
အနားကပ်ပြီးခေါ်လိုက်သောအမျိုးသမီးတယောက်၏အသံကြောင့်အတွေးလွန်နေသောသူမှာခန္ဓာကိုယ်လေးသိမ့်ကနဲ့တုန်ကာရုတ်တရက်လန့်သွားသည်။
ထို့နောက်အမျိုးသမီးမှကူညီပါဟုဆိုကာ
လက်ထဲထည့်ပေးလာသောcoffeeခွက်
ကြောင့်သူ့မှာအူကြောင်ကြောင်ဖြစ်သွားတာမို့သူမကတောင်းပန်စကားဆိုလာပြန်သည်။တခုခုကိုပိုက်ဆံအိတ်ထဲလက်နှိုက်ကာရှာဖွေနေဟန်ရှိသောသူမသည်jiminကိုလည်းEnglishလိုတွေတတွတ်တွတ်ပြောကာအားနာနေပုံရသည်။
သူမပြောနေပုံနားထောင်ကြည့်ရတာသူ့ကိုမျက်လုံးမမြင်တဲ့သူမှန်းသိပုံမပေါ်ပေ။ခပ်တည်တည်ရပ်နေတဲ့သူ့ပုံစံကလည်းမျက်မမြင်တယောက်ရဲ့အပြုအမူမျိုးမဟုတ်တာကြောင့်
မသိတဲ့သူကြည့်ရင်ဘယ်ထင်ရဲပါ့မလဲ.....