Part(4)Unicode

1.3K 95 1
                                    

"Boss ကောင်လေးကဒီနေ့လည်းဘာမှမစားဘူး''

အတွင်းရေးမူးလီ ဆိုဖာပေါ်သက်တောင့်သက်သာဟန်ဖြင့်ထိုင်ရင်းဆေးလိပ်သောက်နေသည့်စစ်အာဏာရှိန်ကိုတိုးညင်သောလေသံဖြင့်
ပြောလိုက်သည်။

ပြန်ဖမ်းမိလာတဲ့ညတည်းကအကြောက်လွန်ပီး
ကောင်လေးဘာမှမစားတာ ၃ရက်ရှိပီ။
၁၇၊၁၈သာရှိဦးမယ့်ကောင်လေးအရွယ်က အမှန်ဆိုကျောင်းတက်ပီးသူငယ်ချင်းတွေနဲ့ပျော်ပါးနေရမယ့်အရွယ်လေး။

သူ့Bossကအလိုမတူဘဲအတင်းဖမ်းချုပ်ပီး
အကျဉ်းသားလိုထားတဲ့အပြင် ကိုယ့်ရှေ့မှာ
လူတစ်ယောက်ကိုကျားသစ်တစ်ကောင်က
ရက်ရက်စက်စက်သတ်ဖြတ်နေတာကိုမြင်စေလိုက်သေးသည်။

တကယ်ကိုရက်စက်လိုက်တာ။လန့်မသေတာပင်
တော်တော်လေးဟုတ်နေပီ။

"အင်း''

အင်းတဲ့လား။ဒါဘဲလားBossရေ
ဟိုကဒီအတိုင်းဆိုသေတော့မှာနော်။

"အစေခံတွေကိူအစားအစာပြင်ပီး အခန်းထဲယူလာခိူင်းလိုက်''

ပြောပီးတာနဲ့ အခန်းထဲမှထွက်လာကာ
ကောင်လေးရဲ့အခန်းထဲဝင်သွားတော့သည်။
အတွင်းရေးမူးလီမှာ စားဖိုခန်းသို့အလျှင်အမြန်
ပြေးကာစားသောက်စရာများပြင်ဆင်ခိုင်းရသည်။

အခန်းထဲတွင်တော့ အဖြူရောင်T Shartပွကြီး
တစ်ထည်ကပေါင်လည်လောက်ထိသာ
ရောက်နေပီး ကြမ်းပြင်ပေါ်ဒူးလေးနစ်ဖက်ကို
ဖက်ထားလျှက် အခန်းထောင့်တွင်ကျုံ့ကျုံ့လေး
ထိုင်နေတဲ့ကောင်လေးတစ်ယောက်။

ခေါင်းငုံ့ထားတာကြောင့် နဖူးမှဆံပင်များဖူံးအုပ်ကာမျက်နာလေးကိုရှင်းလင်းစွာမမြင်ရ။ခြေကျင်းဝတ်သေးသေးလေးတွင်တော့ငွေရောင်တောက်ပနေတဲ့ခြေကျင်းသံကြိုးတစ်ချောင်းခတ်ထားလေရဲ့။

"မင်း ဘာမှမစားဘဲနေနေတယ်ဆို''

စစ်အာဏာရှိန်သူ့အသံကြောင့် ချက်ချင်းတုန်တက်သွားတဲ့အကောင်ငယ်လေးကိုစိူက်ကြည့်လိုက်သည်။

ရွှေရောင်ဖျော့ဖျော့မျက်ဝန်းဝိုင်းကြီးများက
ဘယ်လောက်တောင်ငိုထားလဲမသိ။
နီရဲနေတာမှစတော်ဘယ်ရီသီးလေးလို။
နုတ်ခေါင်းထိပ်မှာလည်းချယ်ရီသီးသေးသေးလေးလိုနီရဲတွတ်နေပီး ကောင်လေးကကြောင်ပေါက်လေးလိုဖြစ်နေသည်မှာချစ်ဖို့အတော်ကောင်းသည်။

လရောင်လွှမ်းသော်(လရောင်လွှမ်းသော်)CompletedNơi câu chuyện tồn tại. Hãy khám phá bây giờ