Final(unicode)

1.6K 59 7
                                    

''ပါးပါး ''

''ရူး တိုးတိုးနေပါချို''

စေ့ထားသောတံခါးကအနည်းငယ်ဟလာပီးသေးငယ်တဲ့ခေါင်းလေးနှစ်လုံးကပြူဝင်လာကာမျက်လုံးပြူးပြူးလေးများနဲ့အတွင်းမှအခြေအနေအားစပ်စုနေကြသည်။

''သူတို့က''

လွှမ်းညို့ရှင်အားဖက်ထားသောစစ်အာဏာရှိန်က သူ့ကိုစိုက်ကြည့်နေသောရုပ်ချင်းချွတ်စွပ်တူလှသည့်မုန်လာဥနှစ်ဥအားကြောင်အစွာပင်ပြန်ကြည့်နေမိသည်။

လူသေးသေးလေးနှစ်ယောက်နဲ့လူကြီးတစ်ယောက်က အပြန်အလှန်စိုက်ကြည့်နေကြပီး
အချင်းချင်းစူးစမ်းနေသလို။

''အဟမ်း အာ့တာကျွန်တော်တို့ကလေးတွေလေ''

စစ်အာဏာရှိန်ကအလွန်အမင်းအံ့ဩသွားဟန်ဖြင့်သူ့ဘက်သို့လှည့်လာကာ

''ကိုယ် ကိုယ်တို့ကလေးတွေ''

''အင်း ခင်များနဲ့ကျွန်တော်တို့ရဲ့သား
ဘုဏ်းအာဏာရှင်နဲ့ ဂုဏ်အာဏာရှင်''

''အွန်း တားကဂုဏ်ငယ် တိုတိုကတိုတိုဘုဏ်း''

အငယျလေးဂုဏ်အာဏာရှငျက သူ့အကိုလက်အားဆွဲလျှက် သူတို့အဖေဆီသို့တိုးသွားကာလက်လေးနှစ်ဖက်မြှောက်လိုက်ပီး

''ဒယ်ဒိ့ ချီ ချီ''

''ဂုဏ္ငယ်ရား ဒယ့်ဒိ့ကနေအကောင်းဘူးယေ''

သားဘုဏ်းကသူ့ညီငယ်လေးကိုကြည့်ကာ လေးနက်စွာပြောလိုက်သည်။

''အိုး''

စစ်အာဏာရှိန်က စိတ်ပျက်ဟန်ဖြင့်ခေါင်းငုံ့သွား
သောမုန်လာဥလေးအားကောက်ချီကာ ကုတင်ပေါ်တင်ပေးလိုက်သည်။ကလေးငယ်လေးဆီမှနွေးထွေးသောကိုယ်အပူချိန်ကို သူ့လက်ဖဝါးမှတစ်ဆင့်ခံစားနေရပီး အရမ်းထူးဆန်းသောခံစားချက်ကိုပေးစွမ်းနေသည်။ဒါကသွေးသားဆက်နွယ်မှူ့ဆိုတာလား။

''ပါးပါး ''

သားဘုဏ်းအားလှှမျးညို့ရှငျကကောကျခြီလိုကျပီးကုတငျပေါျတငျပေးတော့ ကလေးနှစ်ယောက်က သူ့ဒယ်ဒီအားသေချာကြည့်ကာ သဘောကျဟန်ဖြင့်တခစ်ခစ်ရယ်မောနေကြသည်။

လရောင်လွှမ်းသော်(လရောင်လွှမ်းသော်)CompletedDonde viven las historias. Descúbrelo ahora