Zawgyi(16)

278 17 0
                                    

မျက်လုံးတို့ကိုမှိတ်လျှက် လက်ကိုဆန့်ကာအိပ်ယာအနှံ့စမ်းလိုက်တော့ အေးစက်စက်လေထုကိုသာဖမ်းဆုတ်မိသည်။

ဘေးတွင်လစ်ဟာနေသောအိပ်ယာကိုကြည့်ပီးကုန်းထကာအခန်းပတ်လည်သို့ကြည့်လိုက်သော်လည်းမှောင်မဲကာအေးစက်နေပီး တွေ့ချင်သောသူကတော့ပျောက်လျှက်။

"ဦး''

သူ့ခေါ်သံကသာပဲ့တင်ပြန်လာပီး အရာရာဟာတိတ်ဆိတ်လျှက်မို့ ရင်ထဲအလိုလိုဝမ်းနည်းလာသည်။မျက်လုံးဖွင့်လိုက်သည်နှင့်ဘေးနားတွင် ဦးရှိနေသည်ကို အသားကျနေပီမို့ ခုလိုရုတ်တရက်ဆန်သောအထီးကျန်မူ့ကိုသူတောင့်မခံနိုင်တော့။

"အကိုလေးနိုးလာပီလား''

တံခါးအပြင်မှအသံနဲ့အတူ လူတစ်ယောက်ဝင်လာသည်။

"ဦးရောဟင်''

"Bossက အရေးကြီးတဲ့အလုပ်ပေါ်လာလို့ခရီးထွက်သွားတယ်ဗျ''

သူ့ကိုဘာမှတောင်မပြောဘဲ တိတ္တိတ္ကေလးခ်န္ထားခဲ့တာလား။အေရးမပါဘူးဆိုတဲ့အေတြးက လွန်းညို့ရှင်ကိုသိမ်ငယ်စေသည်။

"ဘယ်တော့ပြန်လာမှာလဲဟင်''

"ဒါတော့မသိဘူးဗျ။အကိုလေးနိုးလာရင်စားဖို့ဆိုပီးမုန့်တွေမှာပေးခဲ့တယ်။အခုယူလာလိုက်ရမလား''

"အင်း။ကျွန်တော့်ကိုအရင်ကူပေးပါဦး''

ဝှီးချဲပေါ်ပြောင်းထိုင်လိုက်ပီး သက်တောင်စောင့်ယူလာပေးသောမုန့်များကိုငေးကြည့်နေမိသည်။

စတော်ဘယ်ရီရေခဲမုန့်က အေးစက်နေပီး ခုနကမှရေခဲသေတ္တာထဲကနေထုတ်လာခဲ့ပုံရသည်။ချယ်ရီသီးနီနီလေးတွေတင်ထားသောချော့ကလက်ကိတ်နဲ့ ကြက်ဥပူတင်းနွေးနွေးလေး။

စားစရာများကိုစားရင်း ရင်ထဲလစ်ဟာနေသောခံစားချက်ကြီးကြောင့်နေ၍မကောင်းချင်။ပူတင်းနွေးနွေးအိအိကလေးက ခပ်လိုက်တိုင်းဇွန်းအပြည့်ပါလာပီး လျှာဖျားပေါ်တွင်ပျော်ဝင်သွားတော့မတတ်ချိုမြိန်ပီးနူးညံ့နေသော်လည်း သူ့ရင်ထဲမပျော်ရွှင်။

"အဲလောက်တောင်ဈေးပေါနေပီလားလွန်းညို့ရှင်ရဲ့''

ခနလေးဘဲခွဲရသေးတာကိုသူကမစားနိုင်မသောက်နိုင်တောင်ဖြစ်နေပီ။ခါးသက်သောခံစားချက်ကြောင့် စားနေတာကိုရပ်ပီး ပြတင်းပေါက်ဘေးတွင်ထိုင်ကာ မှောင်မဲနေသောကောင်းကင်ပြင်ကိုငေးကြည့်နေလိုက်သည်။

လရောင်လွှမ်းသော်(လရောင်လွှမ်းသော်)CompletedDonde viven las historias. Descúbrelo ahora