Part(2)Unicode

1.8K 102 1
                                    

ကလေး ထမင်းစားတော့မလား''

"မစားသေးဘူး ကြီးကြီး ညို့ခြံထဲဆင်းလိုက်ဦးမယ်''

ညို့ဒီဥယဉ်အိမ်တော်မှာနေနေတာ ၃ရက်ရှိပီ။
စံအိမ်တော်အပြင်ဘက်တွင်အလွန်ကြီးမားသော
မြက်ခင်းပြင်နဲ့သစ်ပင်ကြီးတွေကိုတွေ့ရပီး ခြံမှာ
ဘယ်လောက်ကြီးမားကျယ်ဝန်းသည်ကို ညို့မခန့်မှန်းနိူင်။

ဒဏ်ရာကြောင့်လမ်းကောင်းကောင်းမလျောက်နိုင်ပေမယ့် တစ်နေကုန်အခန်းထဲမှာနေရသည်ကို
သူအရမ်းငြီးငွေ့နေပီမဟုတ်လား။

ညို့စကျင်ကျောက်တွေခင်းထားတဲ့လမ်းအတိုင်း
လျောက်လာပီး အနီရောင်နှင်းဆီတွေအပြည့်
ပတ်ပတ်လည်စိုက်ထားတဲ့ ရေကူးကန်ဘေးတွင်
ထိုင်ချလိုက်သည်။

သက်တော်စောင့်နစ်ယောက်က သူ့ကိုခနစောင့်
ကြည့်ပီးမှ ပြန်လှည့်သွားကြသည်။
ညို့ စိတ်ညစ်စွာနဲ့သက်ပြင်းချလိုက်မိသည်။
သူကဘာလို့အကျဉ်းသားတစ်ယောက်လို၊
အိမ်မွေးတိရစၧာန်တစ်ကောင်လိုဆက်ဆံခံနေရတာလဲ။

စစ်အာဏာရှိန်ဆိုတဲ့ဦးလေးကြီးကလည်း သူ့ကို
လွတ်ပေးမယ့်ဟန်မရှိသလို၊ထွက်ပြေးရအောင်
လည်းသူ့မှာလမ်းတောင်ကောင်းကောင်းလျောက်
နိုင်သေးတာမဟုတ်။

ညို့ကလည်းဒီရက်ပိုင်းလုံးဝပေါ်မလာ။ဒဏ်ရာကအရမ်းပြင်းထန်လွန်းလို့မေ့မျောသွားတာတော့မဟုတ်ပါဘူးနော်။၁၂နစ်လုံးအိပ်စက်နေရပီးနိုးနိုးလာခြင်းသူများအတင်းဖမ်းခေါ်ထားတာခံနေရသည်မို့စိတ်ကငိုချင်ချင်ပင်။

ခေါင်းကိုသာခါရမ်းရင်းစိတ်ညစ်စရာအတွေးတွေကိုမောင်းထုတ်လိုက်ကာနဘေးကနှင်းဆီပွင့်တွေကိုချိုးယူလိုက်ပီးပန်းသရဖူလေးတစ်ခုလုပ်လိုက်သည်။

နီနီရဲရဲနှင်းဆီသရဖူလေးကိုသူ့ခေါင်းပေါ်စွတ်ချ
လိုက်ကာ ကန်ထဲက ရေပြင်ပေါ်ထင်နေတဲ့သူ့ပုံရိပ်ကိုပြန်ကြည့်ရင်း တခစ်ခစ်နဲ့ရီလိုက်မိသည်။

"အိုး ဒါကဘယ်သူလေးလဲ''

ခပ်လှမ်းလှမ်းမှအသံကြောင့် ညို့ထိတ်လန့်စွာ
နဲ့မော့ကြည့်လိုက်တော့ အနက်ရောင် suitကို
သေသပ်စွာဝတ်ထားတဲ့ယောကျာ်းတစ်ယောက်။
ကြည့်ရသည်မှာသူ့ထက်အသက်ကြီးပုံရပီး
ဥိးလေးကြီးနဲ့အနည်းငယ်ဆင်လေသည်။

လရောင်လွှမ်းသော်(လရောင်လွှမ်းသော်)CompletedDonde viven las historias. Descúbrelo ahora