''Boss သခင်ကြီးကလုပ်ပိုင်ခွင့်အားလုံးကို ပထမသခင်လေးဆီလွဲအပ်ကြောင်း ဒီနေ့ပြည်ပအစည်းအဝေးမှာကြေညာခဲ့တယ်တဲ့''
အခန်းထဲသို့ပြာယာခတ်စွာပြေးဝင်လာသော အတွင်းရေးမှူးလီကသူကြားခဲ့ရတဲ့သတင်းကိုတင်ပြခဲ့ပေမယ့် သူ့Bossကမထင်ထားလောက်အောင်တည်ငြိမ်နေခဲ့သည်။
''အင်း ငါသိပီ''
အတွင်းရေးမှူးလီက အလွန်ကြာအောင်ပင်မှင်သက်နေမိသည်။Bossရဲ့ဒီလိုပုံစံကို သူတစ်ခါမှမြင်ဖူးခဲ့ခြင်းမရှိတာမို့ ဘာပြောရမှန်းမသိစွာတွေဝေနေခဲ့သည်။
''ဘာရှိသေးလို့်လဲ''
စစ်အာဏာရှိန်က ပြတင်းပေါက်ဘေးတွင်ရပ်နေခဲ့ပီး ငြိမ်သက်နေသောအတွင်းရေးမှူးကိုကြည့်ကာမေးလိုတော့
''အာ မရှိတော့ပါဘူး။ဒါဆိုကျွန်တော့်ကိုခွင့်ပြုပါဦး''
အတွင်းရေးမှူးလီအခန်းတံခါးကိုပြန်ပိတ်ရန်အပြု
''လီချန်း မင်းငါ့နောက်လိုက်ခဲ့တာဘယ်နနှစ်တောင်ရှိခဲ့ပီလဲ''
အလွန်တည်ငြိမ်နေခဲ့သောမျက်နှာပေါ်တွင်ရှားရှားပါးပါးအတိတ်သို့်တွေးတောနေဟန်ရှိသောစစ်အာဏာရှိန်ကိုကြည့်လိုက်ပီးနောက်အတွင်းရေးမှူးလီက
''Boss၁၇ နှစ်အရွယ်တည်းကကျွန်တော်Bossနောက်လိုက်ခဲ့တာ။ကျွန်တော်Bossကိုအဖော်ပြုပေးခဲ့တာ
အခုဆို၁၉နှစ်ကြာခဲ့ပါပီ''စစ်အာဏာရှိန် ကပြုံးလိုက်ပီး
''အချိန်တွေက ကုန်တာမြန်လိုက်တာ။မင်းငါ့နောက်လိုက်ခဲ့တာနောင်တရမိလား''
''ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။Bossနဲ့သာမတွေ့ခဲ့ရင်ကျွန်တော်ကလမ်းဘေးမှာဆာလောင်ပီးသေရင်သေ၊ဒါမှမဟုတ် သူများရိုက်သတ်လို့သေသွားမှာ''
အတွင်းရေးမှူးလီထိုနေ့ကိုပြန်လည်မြင်ယောင်မိသည်။သူ့အဖေကသူအထက်တန်းတက်ခါစတွင်မတော်တဆမှူ့ဖြစ်ဆူံးပါသွားခဲ့ပီး သူ့အမေနဲ့သူကလျော်ကြေးငွေလေးကို ချွေတာသုံးစွဲကာအဆင်ပြေနေခဲ့သော်လည်းသိပ်မကြာခင်မှာဘဲ သူ့အမေကနောက်အိမ်ထောင်ပြုခဲ့သည်။
BẠN ĐANG ĐỌC
လရောင်လွှမ်းသော်(လရောင်လွှမ်းသော်)Completed