Part(22)Unicode

919 52 2
                                    

"ညို့ မသွားပါနဲ့။ငါ့ကိုတစ်ယောက်တည်းမထားခဲ့ပါနဲ့နော်''

ခေါင်းတွင်ပတ်တီးအဖွေးသားနဲ့ကောင်လေးက အိပ်ယာပေါ်တွင်ဖြူဖျော့စွာလှဲလျောင်းလျှက် အိပ်မက်ဆိုးမက်နေဟန်ရကာငိုကျွေးနေသည်။

လက်တစ်ဖက်ကတစ်စုံတစ်ခုကိုဖမ်းဆုတ်ရန်ကြိုးစားနေပီး အရမ်းကိုမှဝမ်းနည်းနေပုံပေါ်လျှက်။

"တိတ်တော့ မငိုနဲ့''

ကြီးမားကာနွေးထွေးသော လက်တစ်ဖက်ကကူကယ်ရာမဲ့စွာကမ်းလင့်နေသောလက်ဖဝါးလေးကိုအုပ်မိုးဆုတ်ကိုင်လာကာ တိုးညင်သောအသံကချော့မြူနေသလိုမျိုး။

"ဘယ်လိုဖြစ်သွားလဲ''

"ကျွန်တော်တို့ဘာခြေရာလက်ရာမှကို မတွေ့ဘူးBoss''

စစ်အာဏာရှိန်က ကောင်လေးရဲ့လက်တစ်ဖက်ကိုဆုတ်ကိုင်ထားပီး မျက်ရည်ဥများတွဲခိုနေသော မျက်တောင်စိမ့်စိမ့်တို့အပေါ်ညင်သာစွာနမ်းရိူက်လိုက်သည်။

"cctvကရော''

"လေယဥ်ရုံအဟောင်းကပစ်ထားတာကြာပီမို့ တစ်ချို့နေရာတွေကဟာတွေသုံးလို့မရတော့ဘူး။ရတဲ့ဟာတွေကလည်း အသုံးမဝင်ဘူး''

လွန်းညို့ရှင်ဆီရောက်သွားတဲ့အချိန်တွင် အထဲမှလူအားလုံးက ရုပ်ပျက်ဆင်းပျက်နဲ့ ထိတ်လန့်ဖွယ်ကောင်းစွာသေဆုံးနေပီး ရှင်သန်ကျန်ရစ်သူဟူ၍ကောင်လေးတစ်ယောက်သာရှိသည်။ဒီကိစ္စကတကယ့်ကိုထူးဆန်းနေပီး တစ်စုံတစ်ယောက်ကလူအားလုံးကိုသတ်ပီး ကောင်လေးကိုကယ်လိုက်တာလား။အဲလူကဘယ်သူလဲ။ဘာရည်ရွယ်ချက်နဲ့လဲ။သူတကယ်ကိုသိဖို့လိုသည်။

"အင်း ဟိုဘက်ကိုသေချာစုံစမ်းလိုက်။FLကိုသေသေချာချာကိုင်တွယ်။ငါတို့ဆီမှာရှိနေတူံးဖြစ်သွားတာမို့ သူတို့ဘက်ကပြသနာရှာလာနိုင်တယ်။မြတ်အာဏာရှိန်ကိုအခွင့်အရေးမရစေနဲ့''

အတွင်းရေးမှူးလီ ကရိုသေစွာခေါင်းငြိမ့်လိုက်ပီး

"စိတ်ချပါBoss။မမလေးအယ်လ်လီယာကဘာမှမဖြစ်သွားတာမို့ သူတို့အရမ်းတေ့ာပြသနာမရှာနိုင်လောက်ပါဘူး။ကျန်တာကျွန်တော်သေချာကိုင်တွယ်လိုက်ပါ့မယ်''

လရောင်လွှမ်းသော်(လရောင်လွှမ်းသော်)CompletedNơi câu chuyện tồn tại. Hãy khám phá bây giờ