part(10)Unicode

1.2K 72 3
                                    


တစ်နာရီအခန့်အကြာတွင်တော့ အယ်လ်လီယာက သူ့အခန်းထဲသို့ပြန်သွားကာ စစ်အာဏာရှိန်ကလည်းသူ့အလုပ်သူပြန်လုပ်နေတော့သည်။

ထိုစဥ်ဘော်ဒီဂတ်နှစ်ဦးကတစ်စုံတစ်ခုကို ကိုင်ကာBossအခန်းရှေ့တွင်ယောင်လည်လည်ဖြစ်နေသည်မို့ အတွင်းရေးမှူးလီကခေါ်လိုက်သည်။

"မင်းတို့ဘာလုပ်နေကြတာလဲ။အသက်အပိုပါလို့
ဒီအခြေမှာBossကိုအနှောက်အယှက်သွားပေးနေတာလား''

ဘော်ဒီဂတ်နှစ်ဦးကခေါင်းကုတ်ကာ

"ဒါအကိုလေး Bossအတွက်ဝယ်လာတဲ့မုန့်တွေ။ကျွန်တော်တို့ဘာလုပ်ရမှန်းမသိလို့''

ဘော်ဒီဂတ်တစ်ယောက်က လွန်းညို့ရှင်ပန်းခြံရှေ့က မုန့်ဆိုင်မှဝယ်လာသောကိတ်မုန့်နှင်ရေခဲမုန့်ဘူးကို အတွင်းရေးမှူးလီအားကမ်းပေးလိုက်သည်။

"သွားစမ်း မသေချင်ရင်Bossအခန်းနဲ့ဝေးဝေးနေ''

အတွင်းရေးမှူးလီက မုန့်ဘူးကိုကိုင်ကာ အသက်ဝဝရူလိူက်ပီး Bossရဲ့အခန်းတံခါးကိုခေါက်လိုက်သည်။

"ဝင်ခဲ့''

ရေခဲတမျှအေးစက်သောအသံကြောင့် အတွင်းရေးမှူးလီ တွန့်သွားပီးမှ တံခါးကိုဖြည်းညင်စွာတွန်းဖွင့်လျှက်အထဲသို့ဝင်သွားတော့ Bossကခုံပေါ်တွင်ထိုင်ကာ စာရွက်စာတမ်းများကိုအာရုံစိုက်နေသည်ကိုတွေ့လိုက်ရသည်။

"အကိုလေးက Bossအတွက်ဆိုပီးကိတ်မုန့်တွေဝယ်လာတာ ကားထဲကျန်ခဲ့လို့ လာပေးသွားတယ်။ကျွန်တော်ဘာလုပ်လိုက်ရမလဲဗျ''

စစ်အာဏာရှိန်ကခေတ္တတုံ့ဆိုင်းသွားပီးလက်ထဲမှစာရွက်ဆီကြည့်နေရာမှ အတွင်းရေးမှူးလီရဲ့လက်ထဲရှိကိတ်မုန့်ဘူးဆီသို့လှမ်းကြည့်လာသည်။

"ငါ့အတွက် သူဝယ်လာတာလား''

"ဟုတ်ပါတယ်။အကိုလေးက Bossအတွက်ဆိုပီးဝယ်လာတာပါ''

ကိတ်မုန့်ဘူးကိုအတော်ကြာစိုက်ကြည့်ပီးမှ စစ်အာဏာရှိန်က အေးစက်သောအသံဖြင့်

"ထားခဲ့လိုက်''

အတွင်းရေးမှူးလီကကိတ်မု့န်ဘူးကိုခုံပေါ်တွင်ချကာအခန်းတံခါးကိုပိတ်လျှက်ထွက်သွားတော့သည်။

လရောင်လွှမ်းသော်(လရောင်လွှမ်းသော်)CompletedМесто, где живут истории. Откройте их для себя