Part(33)Unicode

887 47 4
                                    

''ကြည့်ရတာအဆင်ပြေပုံဘဲ''

ဆေးရုံရဲ့အထူးကြပ်မတ်ကုသဆောင်လူနာခန်းတံခါးကပွင့်သွားပီး အဖြူရောင်ရှပ်အကျီကိုအနက်ရောင်ဖဲသားဘောင်းဘီနဲ့ရိုးရှင်းစွာဝတ်ဆင်ထားတဲ့ကောင်လေးတစ်ယောက်ဝင်လာခဲ့သည်။

အခန်းပြင်ပတွင်တော့ အနက်ရောင်အနောက်တိုင်းဝတ်စုံပြည့်နဲ့ကိုယ်ရံတော်များကစောင့်ကြပ်နေကြလျှက်။

''မင်းကိုယ့်ကိုလာမတွေ့လောက်တော့ဘူးလို့ထင်ခဲ့တာ''

ကုတင်ပေါ်တစ်ကိုယ်လုံးပတ်တီးအပြည့်ဖြင့်လှဲလျှောင်းနေသော စစ်အာဏာရှိန်ကကောင်လေးအားစိူက်ကြည့်လျှက် ပြောလာတော့ သဘောကျဟန်ဖြင့်ပြုံးလိုက်ပီး

''ခင်များက ကျွန်တော့လက်နဲ့ဘဲသေခွင့်ရှိတာသူများသတ်လို့သေရမှာမဟုတ်ဘူး''

''ကိုယ်ပျော်တယ်။မင်းကိုပြန်တွေ့ခွင့်ရလို့''

လွှမ်းညို့ရှင်က သူ့ကိုပြုံးလျှက်စိုက်ကြည့်နေသောမျက်နှာချောချောအားငေးမောလျှက် ရင်ဘတ်တစ်နေရာမှနာကျင်လာသလိုခံစားရသည်။ဒီအပြုံးကသူ့အတွက်ရည်ရွယ်တာမှမဟုတ်တာဘဲ။

''ခင်များဘာမှမစားရသေးဘူးမလား''

ထိုစဥ်တံခါးခေါက်သံထွက်လာသဖြင့်လွှမ်းညို့ရှင်ကတံခါးကိုဖွင့်ကာ အပြင်မှလူဆီက အထုပ်များကိုလွဲပြောင်းယူလိုက်သည်။

''ကျွန်တော်ခင်များအတွက်ဆန်ပြုတ်နဲ့စားစရာတစ်ချို့ဝယ်လာခဲ့တယ်''

ဆေးရုံရဲ့VIPခန်းမို့ သာမာန်ကွန်ဒိုတစ်ခုကဲ့သို့ပင် ရေချိုးခန်းအပြင် ၊ရေခဲသေတ္တာနဲ့အသင့်စားအစားစားများကိုပြန်လည်အပူပေးနိုင်သောmicrowaveရှိတဲ့ထမင်းစားခန်းပင်ပါသေးသည်။

လွှမ်းညို့ရှင်ကစားစရာများကိုထမင်းစားခန်းထဲသို့ယူသွားကာ ပြင်ဆင်ပီးနောက် သီးစုံနွားနို့်ကိုအပူပေးနေရင်း

''ငါညကတစ်ညလုံးမအိပ်ရသေးဘူး။ပင်ပန်းနေလို့မင်းဘဲသူ့ကိုလုပ်ပေးလိုက်တော့''

''အင်း မင်းခနလောက်အိပ်လိုက်လေ''

ကောင်တာပေါ်လက်ထောက်ထားသောကောင်လေးကမျက်ဝန်းအစုံကိုမိတ်ထားရာမှပြန်ဖွင့်လာသောအခါ နေရောင်ခြည်ထက်နွေးထွေးသော ရွှေရောင်ဖျော့ဖျော့မျက်ဝန်းအစုံကတောက်ပလျှက်။

လရောင်လွှမ်းသော်(လရောင်လွှမ်းသော်)CompletedDonde viven las historias. Descúbrelo ahora