Part(34)Unicode

698 40 5
                                    


''တကယ်ကိုခက်ခဲခဲ့တဲ့အချိန်တွေပေါ့''

လွန်းညို့ရှင်သူ့ကျောမှအနွေးဓာတ်နဲ့အတူ တဒုတ်ဒုတ်ဖြင့်ကြားနေရသောရင်ခုန်သံဆီသို့ပိုမိုနီးကပ်သွားစေရန် နောက်သို့မှီချလိုက်တော့ခါးဆီမှပွေ့ဖက်မှူ့ကတင်းကြပ်လာခဲ့သည်။

''ဘယ်လောက်ဘဲခက်ခဲပါစေ။တစ်ယောက်တည်းမဟုတ်ခဲ့လို့ တော်သေးတာပေါ့။ဟုတ်တယ်မလား''

''အင်းတစ်ယောက်တည်းရင်ဆိုင်ခဲ့ရတာမဟုတ်တော့ ဘယ်လောက်ပင်ပန်းပင်ပန်းအထီးကျန်အဖော်မဲ့တဲ့ခံစားချက်ကိုတော့မခံစားခဲ့ရဘူး''

လွန်းညို့ရှင်ရဲ့လက်ကလေးအားဆုတ်ကိုင်ရင်း စစ်အာဏာရှိန်လက်သန်းကြွယ်ရှိလက်စွပ်ကလေးကိုနမ်းရိူက်လိုက်ပီး

''မင်းလက်ချောင်းလေးတွေနဲ့အရမ်းလိုက်ဖက်တာဘဲ''

သူပို့ပေးခဲ့တဲ့လက်စွပ်ကို လက်ခံလိမ့်မယ်လို့မထင်ထားခဲ့ပေမယ့် ကောင်လေးက အမြတ်တနိုးဝတ်ဆင်ထားခဲ့သည်။

လွန်းညို့ရှင်ကစစ်အာဏာရှိန်ရဲ့ရင်ခွင်ထဲမှထွက်လိုက်ကာ

''လက်ထပ်ခွင့်တောင်းတဲ့လက်စွပ်လေးမို့မပစ်ရက်လို့လေ။လက်ထပ်ခွင့်တောင်းတဲ့လူကြီးကတော့မပါလာပေမယ့်လို့ပေါ့''

စိတ်ကောက်သလိုစူပုတ်နေသောမျက်နှာလေးဖြင့်ပြောနေသောကောင်လေးကိုစူးစိုက်ကာကြည့်နေမိသည်။ဒီကောင်လေးကသူ့ရဲ့တစ်ကိုယ်ကောင်းဆန်မှူ့နဲ့အတ္တတရားတွေကြောင့်နာကျင်မှူ့တွေနဲ့ကြုံဆုံခဲ့ရပေမယ့် သူ့အပေါ်အမြဲခွင့်လွတ်ပေးခဲ့ပီး ဖြူစင်တဲ့ချစ်ခြင်းမေတ္တာတွေသာသူ့အပေါ်လွှမ်းခြုံပေးကာ ဘဝတွင် တစ်ချို့သောအရာတွေက ကိုယ်ထင်ထားတာထက်ပို၍တန်ဖိုးရှိကြောင်း၊မြတ်နိုးအပ်ကြောင်းပြသပေးခဲ့သည်။

''ဒါဆို ကိုယ်မင်းကိုအခုလက်ထပ်ခွင့်တောင်းသင့်လား''

စစ်အာဏာရှိန်ကကြမ်းပြင်ပေါ်ဒူးတစ်ဖက်ထောက်ချလိုက်တော့ ယုန်ပေါက်လေးရဲ့မျက်လုံးလေးများကပြူးကျယ်လာကာ မျက်နှာလေးကချက်ခြင်းအနီရောင်ခြယ်သထားသလိုဖြစ်သွားတော့သည်။

လရောင်လွှမ်းသော်(လရောင်လွှမ်းသော်)CompletedМесто, где живут истории. Откройте их для себя