Zawgyi(13)

244 13 0
                                    

စားပွဲပေါ်တွင်အငွေ့တထောင်းထောင်းထနေသောဟင်းမျိုးစုံကိုမြင်ရသော် လွန်းညို့ရှင်တစ်ယောက်ဗိုက်ပင်ဆာလာသည်မို့

"ဦး မြန်မြန်အောက်ချပေးတော့''

စစ်အာဏာရှိန်ကလွန်းညို့ရှင်ကိုခုံပေါ်တွင်နေရာချပေးလိုက်ပီး ဘေးတွင်ဝင်ထိုင်လိုက်သည်။ကောင်လေးကလျှင်မြန်စွာပင် သူ့ပန်းကန်ထဲသို့စားစရာများပြည့်မောက်နေအောင် ထည့်ကာ ပါးနှစ်ဖက်ဖောင်းကားနေသည်အထိပါးစပ်ထဲထိုးသိပ်နေသည်လွန်းညို့ရှားစား ဒါမှကိုယ်မင်းကိုအဝစားလို့ရမှာ''

လွန်းညို့ရှင်က ရုပ်နဲ့မလိုက်နာဘူးထလွန်းသောအဘိုးကြီးကိုမျက်စောင်းထိုးကာ ပုစွန်တစ်ကောင်ပါးစပ်ထဲသို့ထိုးထည့်နေစဉ် ထမင်းစားခန်းထဲသို့
အယ်လ်လီယာဝင်လာသည်။

"ကိုစစ်ကထမင်းတောင်စားနေပီလား။လီယာက Green Jade ကကျောက်ပုစွန်ဟင်းစားချင်နေတာ။အဲဆိုင်ကတော်တော်ကောင်းတယ်လို့နာမည်ကြီးနေတော့ဒီရောက်တည်းကသွားမြည်းချင်နေတာလေ''

"ခနစောင့်လေ။ကိုယ်အဝတ်အစားလှဲပီးရင်သွားကြတာပေါ့''

"ဒါဆို လီယာဧည့်ခန်းထဲမှာစောင့်နေမယ်နော်''

အယ်လ်လီယာကလှည့်ထွက်မသွားခင် လွန်းညို့ရှင်ကိုစိုက်ကြည့်ကာပြုံးပြသွားပီး စစ်အာဏာရှိန်က
ခုံမှထရပ်လိုက်ကာ

"စားပီးရင်အခန်းထဲမှာအနားယူတော့''

ထွက်သွားသောကျောပြင်ကျယ်ကိုငေးကြည့်ရင်း လွန်းညို့ရှင်ရဲ့ထမင်းစားချင်စိတ်တို့ပျောက်ဆုံးကုန်သည်။ကျယ်ဝန်းကလင်းထိန်နေသောအခန်းကျယ်ကြီးထဲက စားပွဲဝိုင်းပေါ်တွင်သူတစ်ယောက်တည်းသာကျန်နေရစ်တော့သည်မို့
ရုတ်တရက်ရင်ဘတ်ထဲတွင်တင်းကျပ်သွားပီး ပြောမပြတတ်သောခံစားချက်နဲ့အတူ ငိုချင်စိတ်တို့ဖြစ်လာသည်။

"အကိုလေးထမင်းစားပီးရင် ကျွန်တော်အခန်းထဲလိုက်ပို့ပေးပါ့မယ်''

သက်တော်စောင့်တစ်ယောက်က ဝှီးချဲကိုတွန်းလျှက် ထမင်စားခန်းထဲသို့ဝင်လာသည်။စားချင်စိတ်လည်းမရှိတော့သည်မို့ အခန်းသို့ပြန်ပို့ခိုင်းလိုက်ကာ
ကြမ်းပြင်မှမျက်နာကျက်ထိတိုင် ကြီးမားသောပြတင်းပေါက်ဘေးတွင်ထိုင်ကာအပြင်သို့ငေးမောနေလိုက်သည်။

လရောင်လွှမ်းသော်(လရောင်လွှမ်းသော်)CompletedTempat cerita menjadi hidup. Temukan sekarang