Part(9)Unicode

1.1K 76 0
                                    

မိုးရာသီရဲ့ညနေခင်းမို့ တိုက်ခတ်နေသည့်လေကပင်အေးစိမ့်စိမ့်။တောအုပ်ကိုပတ်လျှက်ခတ်ထားသောတံတိုင်းမြင့်မြင့်ကြီး၏ထူထဲလေးလံသောသံမဏိတံခါးကြီးကိုကျော်ဖြတ်လျှက် ကားသုံးစင်းကချည်းနင်းဝင်ရောက်လာသည်။

ကျောက်သားခင်းထားသောလမ်းအတိုင်းတစ်နာရီခန့်ဝင်ရောက်လာပီးနောက် လှပသောသစ်ပင်ပန်းမန်တို့ဝန်းရံလျှက်လေးထပ်ဆောင်အိမ်ကြီးတစ်လုံးကိုတွေ့မြင်နိုင်ပေသည်။

နှစ်ရှည်ပင်များအောက်တွင် စားပွဲတစ်လုံးခင်း
လျှက်စာဖတ်နေသောစစ်အာဏာရှိန်က သူ့ဝန်းကျင်တွင်တော့အေးစက်ကာဖိအားများသောလေထုကိုထုတ်လွတ်လျှက်ရှိသည်။

ခနအကြာအနက်ရောင်ကားသုံးစင်းက သူ့နားမလှမ်းမကမ်းတွင်ရပ်လျှက် ကားပေါ်မှပိန်ပိန်ပါးပါးလူငယ်လေးတစ်ယောက်ဆင်းလာသည်ကိုတွေ့တော့လက်ထဲမှစာအုပ်ကိုချလျှက် သူ့ဆီလှမ်းလာသောလူငယ်လေးကိုခေါင်းအစခြေအဆုံးသေသေချာချာကြည့်လိုက်သည်။

ကောင်လေးရဲ့အသားအရေကနေရောင်အောက်တွင်ကျောက်စိမ်းလို့ဖြူဖွေးနေပီး ရူပ်ပွနေသောဆံစလုံးလုံးလေးကကြည့်ရမဆိုးစေဘဲ ကောင်လေးကိုကြောင်ပေါက်လေးလိုမြင်စေသည်။ရွှေရောင်ဖျော့ဖျော့မျက်ဝန်းဝိုင်းဝိုင်းကြီးများဖြင့်သူ့ကိုကြောက်ရွံ့စွာကြည့်ရင်းလှမ်းလာနေသောကောင်လေးက အပြစ်လုပ်ထားမိလို့ သခင်ဆူမှာစိုးနေသောကြောက်ရိုင်းလေးသဖွယ်။

အင်း။ဒီကြောင်ရိုင်းလေးကတကယ်ကိုအပြစ်ပေးဖို့လိုနေတာ။

"ဦး ဦးလေးကြီး''

ကောင်လေးကသူ့ရှေ့တွင်ခေါင်းငုံ့လျှက် မဝံ့မရဲဟန်ဖြင့်ခေါ်လာသည်။

"အရင်တစ်ခေါက်ထက်ပိုဝေးဝေးပြေးနိုင်သားဘဲ''

သူ့စကားကိုကြားတော့ကောင်လေးကခေါင်းငုံ့နေရာမှမော့လာလျှက် စိတ်ဆိုးလာဟန်ဖြင့်

"ညို့ကိုဘာလို့ဖမ်းထားတာလဲ။ဦးလေးကြီးရဲ့အပြစ်သားမဟုတ်ဘူး။ ဦးလေးကြီးအပေါ်အမှားလည်းမလုပ်ထားမိပါဘူး။ညို့ကိုဒီလိုဆက်ဆံရအောင်ဦးလေးကြီးကဘာမို့လို့လဲ''

လရောင်လွှမ်းသော်(လရောင်လွှမ်းသော်)CompletedNơi câu chuyện tồn tại. Hãy khám phá bây giờ