Part(25)Unicode

914 55 5
                                    

''တစ်မြို့လုံးမြေလှန်ရှာခဲ့။မတွေ့ရင်ပြန်မလာြကနဲ့''

အခန်းထဲမှလူများထွက်သွားသည်နှင့် စစ်အာဏာရှိန်ကဆိုဖာပေါ်လှဲချလိုက်သည်။သူအိပ်မရသည်မှာတစ်ပတ်ခန့်ပင်ရှိပီမို့အတော်လေးပင်ပန်းနေပီ။

လွန်းညို့ရှင်ပျောက်သွားသည့်နေမှစ၍သူတစ်မြို့လုံးနီပါးမြေလှန်ရှာခဲ့သော်လည်းအချည်းနှီးပင်။ကောင်လေးကအစအနပင်မရှိခဲ့သလို ဘာသဲလွန်စမှရှာမရအောင်ပင်။

''Boss ခနလောက်နားလိုက်ပါလား''

''ကိုစစ်''

အသံနဲ့အတူအယ်လီယာက coffeeဗန်းတစ်ခုကိုင်လျှက်ရောက်လာပီး

''ပင်ပန်းနေပီမလား။လန်းသွားအောင် coffeeလေးသောက်လိုက်ပါလား။လီယာကိုယ်တိုင်ဖျော်လာတာ''

စစ်အာဏာရှိန်ရဲ့မျက်နှာက တည်တင်းနေသော်လည်း အချိန်အတော်ကြာအောင်အဖော်ပြုခဲ့ရတဲ့အတွင်းရေးမှူးပီပီ သူ့Bossအလွန်စိတ်ရူပ်နေပီမှန်း အတွင်းရေးမှူးလီသိသည်။

''ဒါတွေကမင်းလုပ်ရမယ့်အလုပ်တွေမဟုတ်ဘူး အယ်လ်လီယာ''

''လီယာက ကိုစစ်ကိုသောက်စေချင်လို့ပါ''

''အင်း မင်းပီးရင်သွားတော့။ကိုယ်နားချင်ပီ''

အယ်လ်လီယာက coffee ခွက်ကိုစစ်အာဏာရှိန်ရှေ့ရှိစားပွဲပေါ်ချပေးခဲ့ပီးနောက်ထွက်သွားတော့သည်။

လက်သည်းများက သူမရဲ့လက်ဖဝါးပေါ်စိုက်ဝင်မတတ်ကျစ်နေအောင်ဆုတ်ထားမိသည်။စစ်အာဏာရှိန် ဒီလူသူမကိုလစ်လျှူရူ့ရဲသည်။ပြန်ပေးဆွဲခံရတုန်းကလည်းသူမကို ရွေးခဲ့ပေမယ့် ပြန်လာခဲ့တဲ့သူမကိုတစ်ချက်လေးတောင်မကြည့်ဘဲ လွန်းညို့ရှင် ကိုကယ်ဖို့ထွက်သွားခဲ့သည်။
သူမကိုရွေးချယ်ခဲ့တာကလည်း တစ်စုံတစ်ခုထိခိုက်ခဲ့ရင် FLနဲ့ထိပ်တိုက်တွေ့ရမည်စိုး၍သာဖြစ်မှန်းသူမသိသည်။
ဒီလူကတော့။

coffeeခွက်ကိုစိုက်ကြည့်နေသော စစ်အာဏာရှိန်က ရုတ်တရက်ကောင်လေးကခါးတာတွေမကြိုက်တတ်မှန်း သတိရလိုက်သည်။အချိုတွေအရမ်းကြိုက်ပီး စားရတိုင်းလည်း မျက်ဝန်းလေးတွေကွေးသွားအောင်ပြုံးနေတတ်တဲ့ယုန်ပေါက်လေး။

လရောင်လွှမ်းသော်(လရောင်လွှမ်းသော်)CompletedTahanan ng mga kuwento. Tumuklas ngayon