Part(24)Unicode

956 58 8
                                    


နက်ပြာရောင်ဂျင်းဘောင်းဘီကို အနက်ရောင်သားရေဂျင်းကတ်နဲ့တွဲဝတ်လျှက် ဦးထုပ်ကိုခပ်ငိုက်ငိုက်ဆောင်းထားသောကောင်လေးက အဆောက်အဦးတစ်ခုရဲ့ဧည့်ကြိုခန်းထဲတွင်ထိုင်လျှက် ဆေးလိပ်ကိုခပ်ဖြည်းဖြည်းချင်း ရိူက်နေသည်။

receptionမှစာရေးမလေးများက ထိုကောင်လေးကိုခနခနလှမ်းကြည့်နေကြပီး အချင်းချင်းတွတ်ထိုးနေကြသည်။ထိုစဥ်မန်နေဂျာရောက်လာပီး

"မင်းတို့ဘာတွေစကားများနေကြတာလဲ အလုပ်မလုပ်ကြဘဲနဲ့''

"ဟိုလူ ဟိုလူကဆေးလိပ်သောက်နေလို့အာ့တာ''

"အခြားဧည့်သည်တွေရှိနေတာကိုဆေးလိပ်သောက်နေသေး။ဒီလူတော်တော်နားမလည်တတ်တာဘဲ။မင်းတို့ကလည်းသွားမပြောဘဲရပ်ကြည့်နေလိုက်ကြ''

မန်နေဂျာက စာရေးမလေးများကိုကြိမ်းမောင်းလိုက်ပီးနောက်

"ဒီမှာ ဒီကိုဘာလာလုပ်တာလဲ။ဒီကအလုပ်သမားလား။အလုပ်ကိစ္စရှိလို့လား။တစ်ယောက်ယောက်နဲ့ချိန်းထားတာလား။ public နဲ့ဆိုင်တဲ့နေရာမှာဆေးလိပ်မသောက်ရဘူးဆိုတာနားမလည်ဘူးလား။သောက်ချင်ရင်အပြင်ထွက်သောက်''

သူ့ကိုထိုလူကမော့ပင်မကြည့်လာဘဲ ဆေးသောက်ကိုသာဖွာနေပီး

"ချိန်းထားတာ''

"ဘယ်သူနဲ့ချိန်းထားတာလဲ။ဘယ်ဌာနကလဲ''

ထိုစဥ်မှာပင် ဓာတ်လှေကားကဒင်ခနဲ့ပွင့်သွားပီးအထဲမှ အနောက်တိုင်းဝတ်စုံကိုသေသပ်စွာဝတ်ဆင်ထားသောလူတစ်စုက ညီညာသောခြေလှမ်းများဖြင့်ထွက်လာကာ သူတို့နှစ်ဦးရှေ့နားရပ်လိုက်ကြသည်။

"မင်းတို့ရဲ့ ဥက္ကဋ္ဌနဲ့လေ''

ဆေးလိပ်ကိုကြမ်းပေါ်ပစ်ချကာနင်းခြေလိုက်ပီးနောက် မော့ကြည့်ကာပြုံးလျှက် ပြောလာသောမျက်နာကြောင့် မန်နေဂျာကအေးခဲသွားသည်။

ချောမောလှသောမျက်နာလေးက ပြုံးနေသော်လည်းနီရဲနေတဲ့မျက်ဝန်းအစုံက အေးခဲနေသောကန်ရေပြင်လိုနက်ရိူင်းပီး အန္တာရယ်များလှသည်မို့ နဖူးတွင်ချွေးများပင်စို့လာပီး မသိမသာနောက်သို့ဆုတ်လိုက်မိသည်။

လရောင်လွှမ်းသော်(လရောင်လွှမ်းသော်)CompletedNơi câu chuyện tồn tại. Hãy khám phá bây giờ