Zawgyi

331 9 0
                                    


ရေနှစ်သလို မွန်းကြပ်ကာအသက်ရူရခက်သောခံစားချက်ကြောင့် လွန်းညို့ရှင် အိပ်နေရာမှနိုးလာသည်။မျက်လုံးဖွင့်လိုက်တော့သူ့ကိုအပေါ်စီးမှအုပ်မိုးထားသော စစ်အာဏာရှိန်ကြောင့်လန့်ဖြတ်သွားကာ စောင်ကိုဆွဲခြုံမည်အပြုဖမ်းဆွဲတာခံလိုက်ရပီး

"ထပ်မအိပ်နဲ့ထတော့''

စောင်ကိုဆွဲဖယ်လိုက်ပီး စစ်အာဏာရှိန်ကလွန်းညို့ရှင်ကိုထူပေးလိုက်ကာရေချိုးခန်းထဲသို့ဝင်သွားတော့သည်။

လွန်းညို့ရှင်အိပ်ချင်မူးတူးဖြစ်နေသေးတာကြောင့် အာရုံကမရှင်းပေ။ခပ်ငူငူဖြင့်ပြတင်းပေါက်မှန်မှတစ်ဆင့်အပြင်သို့ငေးမောနေမိသည်။ပတ်ဝန်းကျင်ကမှောင်ပင်မှောင်နေပီဖြစ်ကာ တစ်ခါတစ်ရံငှက်အော်သံများကိုကြားနေရသည်။

"ဘာတွေတွေးနေတာလဲ''

အခန်းထဲမှထွက်လာသော စစ်အာဏာရှိန်ကအကျီမဲ့နေပီးခါးပါတ်ချွတ်ထားတာကြောင့် ဘောင်းဘီကလျော့ရဲနေကာ ခါးမှ Vလိုင်းကိုရှင်းလင်းစွာမြင်နေရသည်။ငူတူတူဖြစ်နေသော လွန်းညို့ရှင်က သူ့ရှေ့တွင်ရှိနေသော ကြွက်သားအမြောင်းလိုက်နဲ့ နှာခေါင်းသွေးလျှံဖွယ်မြင်ကွင်းကိုစိုက်ကြည့်နေမိသည်။

"ကိုယ့်ကိုအဲလိုအကြည့်မျိုးနဲ့ဆက်ပီးစိုက်ကြည့်နေဦးမယ်ဆိုရင် ကို့ယ်ရဲ့ဒီည ညစာကမင်းလေးဖြစ်သွားတော့မှာဘဲ လွန်းညို့ရှင်လေးရဲ့''

မကြည်လင်သောအာရုံက ကြားလိုက်ရသောစကားတို့ကိုနားလည်နိုင်စွမ်းမရှိပေ။မျက်တောင်ကလေးပုတ်ခတ်ပုတ်ခတ်ဖြင့်သာ စစ်အာဏာရှိန်ကိုငေးကြည့်နေသည်။

တဖြည်းဖြည်းနဲ့နက်မှောင်လာသောစစ်အာဏာရှိန်ရဲ့အကြည့်တို့နဲ့အတူအခန်းအပူချိန်ကမြင့်တက်လာသလိုခံစားလာရသည်။

စစ်အာဏာရှိန် ကဖြည်းညင်စွာဖြင့်လျှောက်လာကာ
ကုတင်ပေါ်တွင်ထိုင်နေသောလွန်းညို့ရှင်ကိုတွန်းလှဲကာအပေါ်မှအုပ်မိုးထားလိုက်ပီး ပတ်တီးစီးထားသောလက်တစ်ဖက်ကိုယူကာ သူ့အောက်ပိုင်းတစ်နေရာပေါ်တင်ပေးလိုက်သည်။

လရောင်လွှမ်းသော်(လရောင်လွှမ်းသော်)CompletedOnde histórias criam vida. Descubra agora