(30)Zawgyi

197 9 0
                                    

''ချောက်''

သေနတ်ဆီမှထွက်လာသောအသံကတိတ်ဆိတ်နေခဲ့သောအခန်းထဲတွင်တစ်ခုတည်းသောအသံပင်ဖြစ်လိမ့်မည်။

''ကျည်မပါဘူးဘဲ''

လွှမ်းညို့ရှင်ကစိတ်ပျက်သွားဟန်ဖြင့်လက်ထဲမှသေနတ်ကိုလွတ်ချလိုက်သည်။

ထိုစဉ်ဝုန်းကနဲ့ပေါက်ကွဲသံနဲ့အတူ အိမ်ကြီးတသိမ့်သိမ့်တုန်ယင်သွားခိုက် အခန်းထဲရှိလူများကယိုင်ထိုးသွားကြကာ တစ်ချို့မှာကြမ်းပြင်ပေါ်သို့လှဲကျကုန်သည်။

စစ်အာဏာရှိန်က လွှမ်းညို့ရှင်ကလှမ်းဆွဲရန်လုပ်လိုက်သော်လည်း ကောင်လေးကလျှင်မြန်စွာပင်သူ့နောက်လူရဲ့လက်ကိုလိမ်ချိုးကာလက်ထဲမှသေနတ်ကိုဆွဲလုလိုက်ပီး ကြောင်အနေသောလူမျိုးကိုတစ်ယောက်ပီးတစ်ယောက်ပစ်ထည့်လိုက်သည်။

ဟိုဘက်ကပြန်ပစ်လာသည်မို့ စစ်အာဏာရှိန်ကကြမ်းပေါ်လူးလိမ့်လိုက်ကာ ဆိုဖာခုံများနောက်ဝင်သွားသည်။အိမ်ကတသိမ့်သိမ့်ဖြင့်ယိမ်းထိုးနေပီး အခန်းထဲတွင်သေနတ်သံများနဲ့ ပစ္စည်းကျကွဲသံများဖြင့်ဆူညံနေသည်။

''ကျစ် ဖုန်နံ့ကြီးကလည်း''

အသံများအားလုံးညိမ်သက်သွားသည်။အခန်းထဲရှိမီးကတဖျတ်ဖျတ်ဖြစ်နေပီး ဖုန်များကနေရာအနှံ့။စစ်အာဏာရှိန်ခုံနောက်မှထွက်လာတော့ လွှမ်းညို့ရှင်ကသူ့ကိုကျောခိုင်းလျှက်ရပ်နေခဲ့သည်။

ဘေးဘက်တွင်လူသေအလောင်းများကပြန့်ကျဲနေပီး လွှမ်းညို့ရှင်က သူ့ဘက်သို့ဖြည်းညင်စွာလှည့်လာခဲ့သည်။

''ဘာမှမဖြစ်ဘူးမလား ဦး''

နီစွေးစွေးသူငယ်အိမ်က သူ့အားစူးစိုက်ကြည့်နေပီး ခေါင်းကိုအနည်းငယ်စောင်းလျှက်ပြုံးနေသောကောင်လေးက သူတစ်ခါမှမမြင်ဖူးခဲ့သောပုံစံဖြင့်။

''ဘာမှမဖြစ်တာကောင်းတယ်''

လွှမ်းညို့ရှင် က လက်ထဲမှသေနတ်ကိုလွတ်ချလိုက်ပီး ကြမ်းပြင်ပေါ်သေနတ်ဒဏ်ရာဖြင့်အသက်ငင်နေသော သူ့ဦးလေးဆီိသို့တဈလှမျးခငြျးလှမျးသှားကာ ဘေးတွင်ကျနေသော မှန်ကွဲစအားကောက်ယူလိုက်သည်။

လရောင်လွှမ်းသော်(လရောင်လွှမ်းသော်)CompletedOnde histórias criam vida. Descubra agora