Part(19)Unicode

890 56 3
                                    

သူတို့ကားကစိုက်ခင်းများကိုကျော်ဖြတ်ခဲ့ပီး စိမ်းစိုနေသော တောင်တန်းများကိုမြင်နိုင်သည့် တောင်ကုန်းမို့မို့လေပေါ်ရှိ စပျစ်ခြံထဲသို့ရောက်လာသည်။

လွန်းညို့ရှင်က ကားပေါ်မှဆင်းပီးတည်းက ခြံထဲကအလုပ်သမားနဲ့အတူ ရင့်မှည့်နေသောစပျစ်သီးများကိုလိုက်ခူးကာ ကြီးမားသောသစ်သားစည်ပိုင်းထဲသို့ထည့်သည်။အသီးချိုချိုလေးများကိုသဘောကျသောကြောင့် အတော်အတန်ကြီးမားကာအရည်ရွှမ်းနေသောအသီးများကိုတော့ သူတဝကြီးစားပစ်သည်။

ကြိမ်ခြင်းကလေးကိုလက်မောင်းတွင်ချိတ်ကာ အပေါ်တွင်တွဲနေသော မှည့်ဝင်းနေသည့်စပျစ်ခိုင်ကိုလှမ်းကာ ကတ်ကြေးဖြင့်ဖြတ်နေခိုက် နောက်ကနေရုတ်တရက်ကြီးပွေ့ဖက်ခံလိုက်ရသဖြင့် လန့်ကာ အော်ဟစ်မိတော့

"ကိုယ်ပါ လွန်းညို့ရှင်လေးရဲ့''

"ဦးလား လန့်လိုက်တာဗျာ အသံလေးပေးတာမဟုတ်ဘူး''

စစ်အာဏာရှိန်က ကောင်လေးခြေဖျားထောက်ကာမမှီ့တမှီဖြင့်ခူးနေသောစပျစ်ခိုင်ကို ခူးလိုက်၍ အကြီးဆုံးအလုံးကိုခြွေယူလိုက်တော့

"အာ့တာညို့ဟာ ညို့စားချင်လို့ခူးလိုက်တာကို''

အစာအလုခံလိုက်ရတဲ့ယုန်ပေါက်လေးလို မျက်လုံးအပြူးသားဖြင့်ခုန်ဆွခုန်ဆွနဲ့ရန်လုပ်နေသောကောင်လေးကိုကြည့်ကာပြုံးလိုက်ပီး

"စားချင်တာလား ယူလေ''

စပျစ်သီးကိုနူတ်ခမ်းဝတေ့ကာ ကောင်လေးရဲ့မျက်နာလေးဆီသို့ကိုယ်ကိုကိုင်းချလိုက်သည်။

"ဟွန်း အကျင့်မကောင်းတဲ့အဖိုးကြီး အခြားဟာဘဲသွားခူးတော့မယ်''

လွန်းညို့ရှင်ကစစ်အာဏာရှိန်ကိုကျောခိုင်းကာ လှည့်ထွက်မည်အပြု ရုတ်တရက်ဖမ်းဆွဲကာသူ့နူတ်ခမ်းဆီသို့ အေးစက်ချိုမြိန်သောနူတ်ခမ်းတစ်စုံကဖိကပ်တိုးဝင်လာပီး အတွင်းထဲထိ တိုးဝင်ကာ သူ့လျှာလေးကိုစူပ်ယူနေတော့ ခြေထောက်များကပျော့ခွေယိုင်နှဲ့လာသဖြင့် စစ်အာဏာရှိန်က သူ့ကိုယ်လေးကိုထွေးပွေ့ကာပင့်မရင်း အနမ်းကိုဆက်နေသည်။

လရောင်လွှမ်းသော်(လရောင်လွှမ်းသော်)CompletedOnde histórias criam vida. Descubra agora