Part(6)Unicode

1.3K 84 1
                                    

ခါးဆီမှတင်းကြပ်သောပွေ့ဖက်မူ့ကြောင့် ညို့မျက်ဝန်းများကိုဖြည်းညင်စွာဖွင့်ကြည့်လိုက်တော့ ဦးလေးကြီးရဲ့မျက်နာအကြီးကြီးကိုတွေ့လိုက်ရသည်။

သူ့ကိုယ်လေးကိုဖက်ကာနှစ်ခြိုက်စွာအိပ်မောကျနေသောဦးလေးကြီးကြောင့် ညို့မှာမလူပ်ရှားရဲ။တော်ကြာသူ့ကြောင့်နိုးသွားရင် အိပ်နေတာကိုနှောက်ယှက်သည်ဟုဆိုကာတစ်ခုခုလုပ်မှဖြင့်။ဒီလူကြီးကကြောက်ဖို့ကောင်းတဲ့အရူးကြီးလေ။

"အကျင့်မကောင်းတဲ့လူကြီး''

ညို့ အိပ်မောကျနေသောဦးလေးကြီးကိုမျက်စောင်းခိုးထိုးရင်း တိတ်တိတ်လေးရေရွတ်မိသည်။လက်ညိုးဖြင့်အသာလေး ဦးလေးကြီးရဲ့နှာခေါင်းထိပ်ကိုအပေါ်သို့တွန်းတင်ကာ ခိုးရယ်လိုက်သည်။

"ဝက်ကြီးနဲ့တူတယ်''

ထပ်ကာထပ်ကာလက်ညိုးဖြင့် ဦးလေးကြီးရဲ့နှာခေါင်းထိပ်ကိုအပေါ်သို့တွန်းတင်ရင်း အလွန်ရယ်ချင်လာသဖြင့်ပါးစပ်ကိုလက်ဖြင့်အုပ်မည်အလုပ်သူ့လက်ကရုတ်တရက်ဖမ်းဆွဲခြင်းကိုခံလိုက်ရသည်။

"ဘာတွေလုပ်နေတာလဲ''

ဦးလေးကြီးရဲ့မျက်ဝန်းတို့ကရုတ်တရက်ဆန်စွာပွင့်လာပီးသူ့ကိုစိူက်ကြည့်ကာမေးလာသည်။

စူးရှသောအကြည့်တို့ကြောင့် သူ့မျက်လွာချလိုက်ပီးတိုးတိုးလေးဖြေလိုက်သည်။

"ဘာမှမလုပ်ပါဘူး''

"ခုနကဝက်နဲ့တူတယ်လို့ပြောလိုက်သလားလို့''

လက်ကိုဆုတ်ကိုင်ထားရာမှလွတ်လိုက်ပီး ညို့ရဲ့မေးရိုးကိုကြီးမားသောလက်ဝါးဖြင့်အုပ်ကိုင်ကာ
အကြည့်ချင်းဆုံစေသည်။

"ဘယ်သူကဝက်နဲ့တူတာလဲ''

အိပ်ယာထကစမို့ထင်သည်။ဦးလေးကြီးရဲ့မျက်ဝန်းတို့ကရီဝေနေကာ ညို့မိုင်းဆွဲငင်နေသ​ယောင်မို့ ညို့ကြည့်ရင်းသူပါမူးယစ်လာသလိုခံစားလာရသည်။

"ကိုယ်အိပ်နေတုံးကတော့ မင်းလေးသိပ်ကိုသတ္တိရှိနေတာမလား လွန်းညို့ရှင်လေးရဲ့''

လရောင်လွှမ်းသော်(လရောင်လွှမ်းသော်)CompletedNơi câu chuyện tồn tại. Hãy khám phá bây giờ