Part(28)Unicode

848 46 4
                                    


ထွက်သွားတဲ့သူကတော့ထွက်သွားတာပါဘဲ။ဘာကြောင့်ဆိုတာမပြောခဲ့ပေမယ့် သူကတော့သိနေခဲ့သည်မို့။

''အင်း ငါသိပီ''

ဖုန်းချလိုက်ကာ ပြတင်းပေါက်မှတစ်ဆင့် မြင်နေရသောပြင်ပမြင်ကွင်းကိုသူအကြာကြီးငေးနေမိသည်။တစ်ဖြည်းဖြည်းချင်းမှောင်စပြုလာပီး ကောင်းကင်တွင် မိုးတိမ်တောင်များကနီညိုရောင်သန်းနေ၏။

အခန်းထောင့်ရှိပန်းအိုးလေးသို့လက်နိုက်လိုက်သော် အလွန်သေးငယ်သောကင်မရာလေးတစ်လုံးထွက်လာသည်။လွှမ်းညို့ရှင်ကကင်မရာသေးသေးလေးအားကိုင်လျှက် တစ်ချက်ပြုံးလိုက်ပီးနောက် ခုံပေါ်တွင်တင်ထားသောအိတ်ထဲသို့ထိုးထည့်လိုက်သည်။

အိပ်ယာဘေးရှိ ဗီဒိုအောက်ခြေမှ laptopကိုဆွဲထုတ်လိုက်ပီးနောက် ကီးဘုတ်ပေါ်ညင်သာကာလျှင်မြန်သောအရှိန်ဖြင့်လက်ချောင်းလေးများကိုလူပ်ရှားနေသည်။

ဆယ့်ငါးမိနစ်ခန့်ကြာပီးသော် laptopကိုပိတ်လိုက်ကာ  ပြတင်းပေါက်ကိုဖွင့်၍အောက်မှအခြေအနေကိုတစ်ချက်ကြည့်ပီးနောက် ပေါ့ပါးစွာခုန်ချလိုက်၏။

ထို့်နောက်မှတစ်ဆင့် သစ်တောအားဖြတ်လာခဲ့ပေမယ့် သူ့ရဲ့ပုံရိပ်တွေကတော့ cctvတွင် ဖမ်းမိခဲ့ခြင်းမရှိ။

ခြံစည်းရိုးခတ်ထားသောမြင့်မားတဲ့အုတ်တံတိုင်းကြီးရှေ့သို့ရောက်သော်နာရီအားတစ်ချက်ကြည့်ကာပြုံးလိုက်ပီးနောက်အနီးရှိမြင့်မားသောသစ်ပင်ပေါ်သို့တက်လိုက်သည်။

ထို့နောက်သစ်ပင်ပေါ်မှတစ်ဆင့်တံတိုင်းအပြင်ဘက်သို့ရောက်အောင်ယူလာခဲ့သောလွယ်အိတ်အားပစ်ထုတ်လိုက်ကာ မြေပြင်ပေါ်သို့ပေါ့ပါးစွာခုန်ဆင်းလာသည်။

''မကောင်းဆိုးဝါးတစ်ကောင်ကို ဖိတ်ခေါ်ဖို့လွယ်ကူပေမယ့် ပြန်နှင်ဖို့ကျအရင်းအနှီးကြီးတယ်တဲ့။ခင်များသိရဲ့လား''

ကောင်းကင်ကအတိမှောင်မိုက်လျှက် အေးစိမ့်သောလေတို့ကသစ်ပင်များကြားတိုးဝှေ့တိုက်ခတ်ရင်း လိုရာခရီးနှင်နေကြလေရဲ့။

မြို့ပြရဲ့ညကရောင်စုံမီးရောင်များနဲ့အသက်ဝင်လူပ်ရှားနေပီး အရာအားလုံးက တက်ကြွစွာ ကာလာစုံလျှက်။

လရောင်လွှမ်းသော်(လရောင်လွှမ်းသော်)CompletedNơi câu chuyện tồn tại. Hãy khám phá bây giờ