Part(17)Unicode

1K 66 12
                                    


ရာသီဥတုကသာယာကာ စိမ်းစိုနေသောသစ်တောအုပ်ကြီးကိုဖြတ်လျှက် လေစိမ့်စိမ့်ကလေးတိုက်ခတ်နေသည်။နှင်းဆီအရောင်စုံဖူးပွင့်နေသောခြံထဲတွင် လွန်းညို့ရှင်ကလှဲအိပ်လျှက် အပြာရောင်ကောင်းကင်ပေါ်ကတရွေ့ရွေ့နဲ့ရွေ့လျားနေသော မိုးတိမ်များကိုငေးကြည့်ရင်း လက်ကိုဆန့်တန်းလိုက်ကာ

"တည်ရှိနေမှန်းသိပေမယ့်ဘယ်တော့မှ ဖမ်းဆုတ်ခွင့်မရတာမျိုးလား''

မနက်ဖြန်သူရဲ့လူမသိသူမသိမွေးနေ့လေပင်။နောက်ဆုံးသူမွေးနေ့ကျင်းပခဲ့တာ၅နစ်အရွယ်။မေမေကသူ့အတွက်စတော်ဘယ်ရီကိတ်အကြီးကြီးကိုကိုယ်တိုင်ဖုတ်ပေးခဲ့သည်။

မေမေဆုံးလို့ သူ accident ဖြစ်ပီးအိပ်ပျော်သွားခဲ့တဲ့နောက်ပိုင်း ညို့ကဘယ်တော့မှမွေးနေ့မလုပ်ခဲ့။သူ့ရဲ့ခန္တာကိုယ်ကိုလုယူထားသလိုခံစားရ၍ညို့ကမပျော်ရွှင်ဖြစ်နေတာသူသိသည်။သူကတော့ညို့ကိုဘယ်တုန်းကမှအပြစ်အမြင်ခဲ့ဖူးသလို ညို့ကိုသူအရမ်းချစ်သည်။သူ့ကိုယ်သူထက်အရာအားလုံးထက်၊ညို့သာအလိုရှိရင် သူသေပေးနိုင်သည်အထိ
ညို့ကိုသူအရမ်းချစ်သည်။

"ညို့ မြန်မြန်နိုးလာပါတော့။ငါ့ကိုစိတ်ပူရအောင်မလုပ်ပါနဲ့''

စိတ်ရူပ်ထွေးစွာဖြင့် မြက်ခင်းပေါ်လူးလိမ့်နေမိသည်။သူတွေးထားတာကဒီနစ်မွေးနေ့ကိုတော့ ဦးနဲ့အတူတူဖြတ်သန်းလို့ရပီဟု။ခုတော့ ဦးကဘယ်ဆီဘယ်ဝယ်မှန်းမသိ။နူတ်ဆက်စကားလဲမပြောသွားသလိုဖုန်းလေးတစ်ချက်ပင်ဆက်မလာပေ။သူ့ကို
သတိမှရရဲ့လား။

လွန်းညို့ရှင်အတွေးပေါင်းစုံဖြင့်ထိုနေရာမှာပင်
အိပ်ပျော်သွားခဲ့ပီး နေစောင်း၍အနည်းငယ်ချမ်းစိမ့်စိမ့်ဖြစ်လာမှ နိုးလာသည်။အိမ်ထဲဝင် ရေမိုးချိုးညစာ စားကာ အောက်ထပ်တွင်TVကြည့်နေခိုက် မတွေ့တာကြာပီ​ဖြစ်သောကိုယ်ရံတော်ခေါင်းဆောင်ဝင်လာသည်ကိုတွေ့လိူက်ရ၍

"ကိုလင်းထက် ဘယ်တွေပျောက်နေတာလဲ။မတွေ့တာတောင် ကြာပီ''

"Bossကအလုပ်ခိုင်းလိုက်လို့လေ''

"အော့''

ထိုစဥ်ကိုယ်ရံတော်ခေါင်းဆောင်ရဲ့ဖုန်းကမြည်လာသောကြောင့် သူတို့နစ်ယောက်စကားပြတ်သွားသည်။ကိုယ်ရံတော်ခေါင်းဆောင်ကဘယ်သူနဲ့စကားပြောနေမှန်းမသိပေမယ့် ဦးအကြောင်းလေးဘာလေးများကြားရမလားလို့နားစိုက်ထောင်နေမိသည်။

လရောင်လွှမ်းသော်(လရောင်လွှမ်းသော်)CompletedOnde histórias criam vida. Descubra agora